စာဖတ်သူများ စာရေးသူ ဘလော့ဂါများ အားလုံးရှင် ...
ကိုဇော်ပြောခဲ့သလို ကျွန်မက Wesak Day နဲ့ Vesak day ကို တခါမှ မပြောခဲ့ရပါဘူး။
ကျွန်မပြောတာက သူက အဘိဓမ္မာနေ့လို့ ရေးထားတာကိုသာ ထောက်ပြခဲ့တာပါ။
အခုကျွန်မ ဒီဘလော့ရေးရခြင်း ရည်ရွယ်ချက်က ဘာသာရေးငြင်းဖို့လည်း မဟုတ်သလို နတ်ကိုးကွယ်မှုကို ငြင်းဖို့လည်း မဟုတ်ပါဘူး။
သူ့ရဲ့ နောက်ဆုံး ကွန်မန့်အရ ကျွန်မကွန်မန့်ကို ဖျက်ပစ်ခြင်းဟာ ကျွန်မက တခြားဘာသာဝင်တွေကို ပုတ်ခတ်လို့ ဖျက်တယ် ဆိုတဲ့ ကိစ္စကိုသာ ဖြေရှင်းလိုတဲ့အတွက် ရေးရခြင်းပါ။
ကျွန်မ ကွန်မန့်ထဲမှာ အဲဒီလို ပုတ်ခတ်ာ တခုမှ မပါပါဘူး။ ဒါကို စာဖတ်သူများ အားလုံးမြင်အောင် သူ့ကို ကွန်မန့်ပြန်တင်စေချင်ပါတယ်။
အမှန်တရားနဲ့ သိက္ခာအတွက် ကျွန်မ ခုလောက်ထိ ပြောနေတာပါ။
သူက ထပ်မံလိမ်ညာပြီး ကျွန်မက အဲဒီနေ့ အခေါ်အဝေါ် ပြောင်းခိုင်းသယောင် ထပ်မံ ဖန်တီးပြန်ပါတယ်။
ကျွန်မ အံ့သြပြီးရင်း အံ့သြလို့ မဆုံးပါဘူး။ ကျွန်မ ကွန်မန့်ရေးမှာကို ကြောက်လို့ မော်ဒရိတ်လုပ်တယ်။ ကျွန်မ ရေးသမျှတွေ ဖျက်ပစ်တယ်။
သူ့စီဘောက်မှာလဲ ကျွန်မအိုင်ပီကို ဘန်းထားပြန်ပါပြီ။ ကျွန်မရေးသမျှ မက်ဆေ့ခ်ျတွေလဲ ဖျက်ပစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပရင့်စခရင် ယူထားပါတယ်။ ကြည့်ပါ။

သူ့လုပ်ရပ်နဲ့ စိတ်ဓာတ်က သူဘယ်လိုလူဆိုတာကို ဖော်ပြနေပါတယ်။
ဘလော့ဂါများနဲ့ စာဖတ်သူများရှင် ...
စာဖတ်သူ အမျိုးသမီးတယောက်ကို အဲဒီလို တဘက်သတ် စွပ်စွဲ အနိုင်ယူတာ ကောင်းပါသလား။
ကျွန်မကတော့ အမှန်တရားကို အားလုံးသိစေချင်ပါတယ်။ သူ့ရဲ့ ကောက်ကျစ်မှုကို မသိတဲ့အတွက် ကျွန်မရေးသမျှ သူရေးသမျှတွေ ကော်ပီမလုပ်ခဲ့မိပါဘူး။
သူ့ကို ဖျက်လိုက်တဲ့ ကွန်မန့်တွေ ပြန်တင်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုသော်လည်း မတင်ခဲ့ပါဘူး။
သူဟာ အလွန် ကောက်ကျစ်သူ လိမ်ညာလှည့်ဖျားတတ်သူ တယောက်ပါ။
သူရေးတဲ့ စာတွေ သူတင်နေတဲ့ စာတွေနဲ့ တခြားစီပဲ ဆိုတာ အားလုံး သိအောင် ရေးရခြင်း ဖြစ်ပါတယ်။
ကိုဇော်ဆိုတဲ့ ဘလော့ဂါတဦးရဲ့ လုပ်ရပ်ကို ကျွန်မ အပြင်းအထန် ရှုံ့ချပါတယ်။

မKhinkhin ရဲ့ ပူလောင်မှု အတွက် ကျနော် စိတ်မကောင်းပါဘူး။
ReplyDeleteဖျက်ပြီးတဲ့ မန့်တာတွေ ပြန်တင်လို့ ရလို့လားဗျာ။
စီဘောက်နဲ့ ပတ်သတ်ပြီး တစ်ခုတော့ ပြောခဲ့ချင်တယ်။
စီဘောက်ရဲ့ ထုံးစံ ဆိုတာ ရှိပါတယ်။ ကျနော်က အချိန်ပြည့် မရှိနိုင်တဲ့ အတွက် ကျနော့်ကို ကူညီသော အစ်မတစ်ယောက်နဲ့ ညီမ နှစ်ယောက်က စီဘောက်ကို သူတို့ဖာသာ သန့်ရှင်းရေး လုပ်ပေးပါတယ်။ ဒီလိုမျိုးတွေ အားလုံးလည်း သိကြပါတယ်။ ဒါကြောင့် ကျနော် ဘမ်းတယ်လို့ မပြောစေချင်ဘူး။
လူဆိုတာ သူနဲ့ ဆိုင်ရာ ဆိုင်ရာတွေ ရှိတဲ့ အတွက် ဒီနေရာမှာ သူများတွေ ပွဲလာဆူရင် ကျနော် စိတ်မကောင်းပါဘူး။ ကျနော်နဲ့တော့ မဆိုင်ဘူးပေါ့လေ။
ကိုယ့်ရဲ့ ဘလော့လေးပေါ်မှာ သူများကို ပုတ်ခတ်ပြောဆိုမှုနဲ့ စရတာတော့ မ khinkhin မတွက် သမိုင်းရိုင်းသွားမယ် ထင်တယ်ဗျာ။ တကယ်ကို ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရေးကို ကျနော်က ရေးစေချင်ခဲ့တာ။ သူများ ဖတ်ရအောင်ပေါ့။
ကျနော်ဆို သူများတွေနေရာမှာ ကိုယ်ဖြစ်ချင်တာ အတင်းကြီး ပူလောင်စွာ ပြောလေ့ မရှိပါဘူး။
မ Khinkhin ရဲ့ ပူလောင်နေမှု အတွက်တော့ ကျနော် စိတ်မကောင်းပါဘူး။ ဘလော့လောက ဆိုတာ မကြာခင် သိလာပါလိမ့်မယ်။
ကျနော်ကတော့ ဒါ. . နောက်ဆုံး ရောက်ခြင်းပါပဲ။
ပျော်ရွှင် ငြိမ်းချမ်းပါစေ။
ကိုဇော်ရေ
ReplyDeleteကျွန်မ ငတုံးမဟုတ်ဘူးနော်။
ဘလော့ကို ခုမှ ရေးတယ်ဆိုပေမဲ့ ကွန်မန့်ဖျက်တာတွေ ဘယ်လိုပြန်တင်ရတယ်ဆိုတာ ကျွန်မသိတယ်။ ရှင်ကလေးအထာနဲ့ လာလုပ်မနေနဲ့။ ကျွန်မ ရှင်းရှင်းပြောရင် ရှင့်ရဲ့ မသမာမှုကိုေ ဖ်ာထုတ်ချင်လို့ ဒီဘလော့လုပ်တာ သမိုင်းရိုင်းမှာက ရှင်လေ။ ကျွန်မကတော့ ဆက်လက် ဖော်ထုတ်နေမှာပဲ။ ရှင်သာ မိန်းမတယောက်ကို ကြောက်လို့ ကွန်မန့်ဖျက်လိုက် မော်ဒရိတ်လုပ်လိုက် စီဘောက်ဘန်းလိုက်နဲ့ ပျာယာခတ်နေတာ။ ဘယ်လိုလိမ်လိမ် ကျွန်မ မယုံဘူး။
ကျွန်မကလဲ ဆုတောင်းတယ် လိမ်ညာဟန်ဆောင်မှု ကင်းပါစေ။
စာဖတ်သူကနေ ဘလော့ရေးလာတာသဘောကျပါတယ်၊ကျွန်တော်လည်း
ReplyDeleteတနေ့၎နာရီလောက်အချိန်ယူပြီး ဘလော့ပေါင်စုံဝင်ထွက်နေတာပါ၊
မခင်ခင် ဆက်လက်ရေးသားနိုင်ပါစေ၊အားပေးနေမယ်။
ကဲ...ဒေါသဖြစ်မနေပါနဲ့ ငါ့တူမရယ်..သူမှားလဲခွင့်လွှတ်ပေးလိုက်ပါ..
ReplyDeleteစာလေးပေလေးဆက်ရေးကြတာပေါ့...
ဒီမှာ မပြောချင်လို့ မနေညကတည်းက ဟိုမှာ သွားသွားဖတ်နေတာ...........
ReplyDeleteခင်ဗျားတို့လို လူတွေ ဘလော့လောကမှာ အများကြီး..............
သူများတွေကို လျှောက်ပုတ်ခတ်မယ်.............
ဟိုက ပြန်ပြောရင် ဘလော့တင်ပြီး နာမည်ကောင်းယူမယ် ........နာမည်ကြီးအောင် လုပ်မယ်............
ဒီမှာ ခင်ဗျားလည်း စလုံးက ကျုပ်လည်း စလုံးကပဲ.......
ဘယ်မှာနေလဲ ပြော လာတွေ့မယ်............
သူများကို ခုတုံး မလုပ်နဲ့.........ဒါမျိုးတွေ ဘလော့လောကမှာ ရိုးနေပြီ.....
ကိုယ့်ဖာသာ ကြိုးစား..........တောင်းပန်လေ ပိုဆိုးလေ ဖြစ်နေပီ ခင်းဗျားက ..........ပြော ကျုပ်လာတွေ့မယ်............
စလုံးကဆိုသူ ကိုအေးမင်း ရဲ့ အိုင်ပီလိပ်စာ။
ReplyDelete29 May 16:06:26 SeaMonkey 2.0 Win7 1280x1024 Kuala Lumpur,
Malaysia Packet One Networks (m) Sdn (120.141.144.36) [Label IP Address]
khinkhinthu.blogspot.com/2010/05/blog-post.html#comments
khinkhinthu.blogspot.com/
ဒါကတော့ ကိုဇော်ပထမဆုံး ကွန်မန့်လာရေးတုန်းက အိုင်ပီလိပ်စာ။
29 May 14:20:49 Firefox 3.6 Win7 1280x1024 Kuala Lumpur,
Malaysia Packet One Networks (m) Sdn (120.141.144.36) [Label IP Address]
khinkhinthu.blogspot.com/2010/05/blog-post.html#comments
khinkhinthu.blogspot.com/
အံ့သြစရာကောင်းလောက်အောင် တူတူပဲ ဖြစ်နေပါတယ်။
စလုံးနဲ့ မလေးနဲ့ အိုင်ပီတူသလားဟင်။ ကျွန်မတော့ အံ့သြလွန်းလို့ပါ။
လိမ်သည်ထက်လိမ်
ညာသည်ထက်ညာ
ကောက်ကျစ်လှည့်ဖျား
မာယာများ
အဲဒါ ယောက်ျားလား ... ဟင်
ခင်ဗျား ဒီလိုတော့ မလီဆယ်နဲ့...........
ReplyDeleteကျုပ်ကျော်ထားတယ် ဆိုတာ ဟုတ်တယ်.....
ဒါပေမဲ့ သူနဲ့တော့ တူစရာ မရှိဘူး....
ခင်ဗျား အကြံတော်တော်ကောင်းတာပဲ....ကျော်ပြမယ် တစ်နေ့တစ်မျိုး မရိုးစေရဘူး.........