Sunday 30 May 2010

သစ္စာ = အမှန်တရား

သစ္စာနဲ့ ကျိန်စာ ပို့စ်မှာ ရောက်လာတဲ့ ကွန်မန့်များကို ပြန်စုပြီး တင်လိုက်ပါတယ်။
ခုလို အမှန်တရားပေါ်ပေါက်အောင် ကွန်မန့်များကို တကူးတက စုစည်းပို့ပေးတဲ့ နတ်မင်းကြီးကို ကျေးဇူးအထူးတင်ပါတယ်။
လိမ်ညာလှည့်ဖျားခြင်းမှ ကင်းဝေးကြပါစေ/ကင်းဝေးရပါလို၏။
++++++++++++++++++++++++++++
(1)
Khinkhin has left a new comment on the post "ဘုရား နှင့် နတ်များ":
မေ-၂၇ က မြန်မာလိုတော့ နယုန်လပြည့်ပါ။ ဒီနှစ်က ၀ါထပ်တယ်။ ဧပြီ ၂၇-တုန်းက ကဆုန်လပြည့် - ဗုဒ္ဓနေ့။အဘိဓမ္မာနေ့က သီတင်းကျွတ်လပြည့်ပါ။ ကိုဇော်ရောက်နေတဲ့နိုင်ငံ (ဘယ်နိုင်ငံလဲတော့ မသိပါ) မှာ အဘိဓမ္မာနေ့လို့ သတ်မှတ်တာလား။ ထူးဆန်းတယ်။ ထေရ၀ါဒအယူအဆ ဆိုရင်တော့ ဗုဒ္ဓဘုရားဖွားမြင်တော်မူတဲ့နေ့က ကဆုန်လပြည့်ပဲ။ ဆု၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန်ကဆုန်လ လို့ မှတ်သားခဲ့ဖူးပါတယ်။အဘိဓမ္မာနေ့ကတော့ တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားဟောပြီး ပြန်ဆင်းလာတဲ့ သီတင်းကျွတ်လပြည့်နေ့ကို သတ်မှတ်တာ မဟုတ်လား။သူ့အရပ် သူ့ဇာတ်မို့များ နယုန်လပြည့်ကို အဘိဓမ္မာနေ့ သတ်မှတ်တာလား။ ထူးဆန်းအံ့သြနေမိတယ်။

(2)
♥ ကိုဇော် ♥ has left a new comment on the post "ဘုရား နှင့် နတ်များ":
ဆောရီး Khinkhin. . .ဒါတွေ ကျနော် သေချာ မသိဘူးဗျ။တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောတာ ..၊ ကျနော်က သမိုင်းဆိုတာကို အားနည်းတဲ့ လူတစ်ယောက် ဖြစ်တဲ့ အတွက် မှတ်ထားလေ့ မရှိဘူး။ဒါပေမဲ့ ဒီပို့စ်မှာ ဒါက အရေးကြီးတာ မဟုတ်ဘူး။ဒါကြောင့် ကျနော် ပြောချင်တဲ့ အဓိက အချက်ကို အပျောက်မခံနိုင်တဲ့ အတွက် ဒါကို ဖျက်ပါ့မယ်။ဘာမဟုတ်တာလေးကို ငြင်းခုန်နေတာနဲ့ အဓိက ပြောချင်တာကို မဆွေးနွေးဖြစ်တော့ဘူး ၊ ဒီလိုတွေ ဖြစ်တတ်ပါတယ်။
(3)
Khinkhin has left a new comment on the post "ဘုရား နှင့် နတ်များ":
ဖျက်စရာမလိုပါဘူး။ကျွန်မကလဲ ကျွန်မသိတာကို ပြောပြတာပါ။ ကိုဇော်ကလဲ ကိုဇော်နေတဲ့ တိုင်းပြည်ရဲ့ နေ့ကို ရေးတာပဲ မဟုတ်လား။ ကျွန်မက ငြင်းနေတာမဟုတ်ပါဘူး။ ကျမ ပြောတဲ့အချက်က ကိုဇော်ရေးတဲ့ စာရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ပေမဲ့ စာမှာ ပါဝင်တန်ဆာဆင်ထားတဲ့ အချက်တခုမို့ ပြောခဲ့တာပါ။ ဒါကို စာရေးသူကိုယ်တိုင်က ဘာမဟုတ်တာလေးလို့ ခံယူ သတ်မှတ်ပြီး ဖျက်ပစ်တယ်ဆိုရင်လဲ စာရေးသူရဲ့ သဘောအတိုင်းပါပဲ။ ခံယူချက်ဆိုတာ စာဖတ်သူ ပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။စာရေးသူနဲ့ စာဖတ်သူလည်း ထပ်တူ မကျနိုင်ပါဘူး။

ထားပါတော့။ ကိုဇော်စာကို ဖတ်ပြီး ဆွေးနွေးချင်ပါတယ်။ ကျွန်မဆွေးနွေးမှာက စိတ်ပညာအခြေခံနဲ့ မဟုတ်ပါဘူး။ ဘာသာရေး အခြေခံပြီး ပြောချင်ပါတယ်။ကြောက်ရွံ့မှုဆိုတာ ဒေါသကြောင့်ဖြစ်တာ တရားကိုယ်ကောက်ရင် ဒေါသကို အခြေခံတာပါ။ ဒေါသ အားကြီးတဲ့ လူက ပိုကြောက်တတ်ပါတယ်။ ငိုကြွေးခြင်းဟာလည်း ဒေါသကို အခြေခံတာပါပဲ။

ကျွန်မလေ့လာသိရှိရသလောက်ကတော့ လူမှာ အဓိက အရေးအကြီးဆုံးက နှလုံး (ဟဒယ ၀တ္ထု)ပါ။ ဦးနှောက်ဆိုတာက တဆင့်ခံပါ။ ခံစားချက်အမျိုးမျိုးတို့ရဲ့ တည်ရာမှီရာဟာ ဟဒယ နှလုံးမှာရှိတဲ့ သွေးရည်ထဲက အကြည်ဓာတ်ပေါ်မှာ မှီတည်ပါတယ်။ ဒေါသ၊ လောဘ၊ ဘာပဲဖြစ်ဖြစ် ဟဒယမှာ ထိခိုက်ပါတယ်။

သည်းခြေ (gallbladder) က အသည်းကထုတ်တဲ့ သည်းခြေရေကို သိုလှောင်သိမ်းဆည်းပြီးတော့ အစာခြေဖို့ အထောက်အကူပြုတဲ့ အင်္ဂါအစိတ်အပိုင်းမျှသာ ဖြစ်ပါတယ်။ သူက နာကျည်းမုန်းတီးမှုတွေ မှတ်နိုင်တယ်လို့ ကျွန်မတော့ မသိခဲ့ရဖူးပါဘူး။ အဓိက မှတ်နိုင် သားနိုင် ခံစားနိုင်တာက ဟဒဟနှလုံးသာလျှင် ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားက ကြောက်ရွံ့မှုကို အခြေခံဖွဲ့စည်းတည်ဆောက်တာ ဘယ်ဖြစ်နိုင်/ဖြစ်သင့်မှာလဲ။ ဘုရားက လောဘ၊ ဒေါသ၊ မောဟ ကိလေသာအကုန်လုံးကို ပယ်သတ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲလေ။

နတ် - အောက်နတ်တွေကို မဆိုလိုပါ။ အထက်နတ်တွေကတော့ အလွန်လှတယ်လို့ ကြားနာမှတ်သားခဲ့ဖူးပါတယ်။ ကိုယ်တိုင်တော့ မမြင်ဖူးလို့ မသိပါ။ ကိုဇော် ဖော်ပြထားတဲ့ အရုပ်တွေကတော့ လူရိုင်းတွေ ကိုးကွယ်တာမို့ ထင်ပါတယ် ကျက်သရေ မရှိဘူး။ ကျွန်မကတော့ နတ်လို့ဆိုရင် ဗုဒ္ဓနိပါတ်တော် ပုံပြဗုဒ္ဓ၀င်တွေထဲက နတ်သမီး နတ်သား ရုပ်လှလှလေးတွေကိုပဲ မျက်စိထဲ စွဲနေမိပါတယ်။

ကျွန်မရဲ့ ၀င်ရောက်ဆွေးနွေးမှုဟာ ကိုဇော်ဆိုလိုရင်းမှ လွဲချောခဲ့ရင် စိတ်မရှိပါနဲ့နော်။ ကိုယ်နားလည်သလို ပြောရတာပါ။
......................
(4)
♥ ကိုဇော် ♥ has left a new comment on the post "ဘုရား နှင့် နတ်များ":
ကျေးဇူးတင်ပါတယ် mg lay ခင်ဗျာ။ဒေါသတကြီးနဲ့ ကျနော့်ကို ရှင်းလင်းသင်ပြသွားတဲ့ Khinkhin ကိုလည်း ကျေးဇူးတင်ပါတယ်။ကျနော် ပြောချင်တာကို အခုထိ မထိမိနိုင်သေးတဲ့ အတွက် စိတ်မကောင်းပါဘူး။ ကျနော်က Khinkihn လောက် မသိ မတတ်သူ ဆိုတော့ ဆက်လက်လည်း မငြင်းလိုပါဘူး။ တကယ်လို့ ပို့စ်တင်မယ် ဆိုရင်တော့ လာဖတ်ပါ့မယ်။ကျနော့် အမြင်ကိုတော့ နောက်ထပ် ပို့စ်မှပဲ ဆက်ဖတ်ပါ။
ကျေးဇူးတင်ပါတယ်။

(5)
Khinkhin has left a new comment on the post "ဘုရား နှင့် နတ်များ":
ဒုက္ခပါလား ကိုဇော်ရယ်။ကျွန်မက ဒေါသတကြီးဆိုရအောင် ကျွန်မရေးခဲ့တဲ့ စကားလုံးထဲမှာ ဒေါသ အကြောင်း ရှင်းပြချက် အနည်းငယ်ပါတာပဲ ရှိပါတယ်။ ကျွန်မက ဒေါသကို စက်ဆုပ်ပါတယ်။ ဒေါသ ဖြစ်ရမှာလည်း ရှက်ပါတယ်။ ဒေါသဟာ အကုသိုလ်တရားမှန်းသိလို့ ဒေါကိုလည်း တတ်နိုင်သမျှ ထိမ်းပါတယ်။ကျွန်မက ဘလော့ဂ်ရေးသူ မဟုတ်လို့ ပို့စ်လဲ မတင်နိုင်ပါဘူး။ စာဖတ်သူ သက်သက်ပါပဲ။ ဒါပေမဲ့ စာဖတ်ရင်းနဲ့ ကိုယ်ဖတ်မိတဲ့ ဘလော့တချို့မှာ ကိုယ်မြင်တဲ့ အမြင်တွေကိုတော့ ၀င်ဆွေးနွေးမိပါတယ်။ အပေါ်က ကျွန်မရေးခဲ့တဲ့ ကွန်မန့်ဟာ ကျွန်မအမြင်ကို တင်ပြတာကလွဲလို့ ကိုဇော့်ကို ဒေါသနဲ့ တုန့်ပြန်ခဲ့တာ မဟုတ်ဘူးဆိုတာ ထပ်ပြောပါရစေ။ ကိုဇော်ဆိုလိုချက်ကို ကျွန်မ သဘောပေါက်သလို တင်ပြဆွေးနွေးတာသက်သက်ပါ။ ရေးသူနဲ့ ဖတ်သူကြား အမြင်ချင်း ထပ်တူမကျတာမျိုးက ဖြစ်တတ်ပါတယ်။ ဒါကိုတော့ နားလည်ပေးပါ။ကျွန်မ ဒေါသနဲ့ ပြောနေတာ မဟုတ်ဘူးနော်။ကျွန်မကျင့်သုံးတဲ့ ဆောင်ပုဒ်က ခန္တီမူလ မာန်ကိုချ ဒေါသကိုပယ် မေတ္တာလွယ် .. တဲ့။
အထင်လွဲခြင်း ကင်းပါစေရှင်
.................................
(6)
♥ ကိုဇော် ♥ has left a new comment on the post "ဘုရား နှင့် နတ်များ":
ဟောဗျာ. .ခက်ပါရောလား။ကျနော်က တကယ်ကို ကျမ်းဂန် အစဉ်အလာတွေကို မြတ်နိုးတတ်ပေမဲ့ သေချာတော့ လိုက်နာလေ့ မရှိဘူးဗျ။ဘုရားဟောခဲ့သလို ကိုယ်တိုင်ပဲ လေ့လာဆုံးဖြတ်ပါတယ်။သမ္မာဒေဝ ဆိုတဲ့ နတ်ကောင်း နတ်မြတ်တွေကို နတ်လို့တောင်မှ ဘယ်သူကမှ ယူဆတာ မဟုတ်ဘူး။ ( အယူမှားသူတွေ အတွက်ပေါ့။ )

ကျနော်က နတ်ကိုးကွယ်မှု ဆိုင်ရာလေးကို ပြောချင်လို့ ရေးပါတယ်။ သို့သော် ၃၇ မင်းနတ်ရယ်လို့ ကျနော် နာမည်မတပ်ဘူး။ ဘာလို့လဲ ဆိုတော့ တရုတ်မှာ နတ်တွေကတင် အမျိုး ထောင်နဲ့ချီရှိနေတယ်။ ဒီတော့ မြန်မာနတ်လေး တစ်ခုထဲကို ကျနော်က ကြည့်ပြီး မရေးချင်တဲ့ အတွက် နတ်ဆိုရင် လူသိများတဲ့ အယူအဆ လွဲမှားသူ နတ်တွေကို ရည်ရွယ်ပြီး ရေးပါလိုက်တာပါ။တစ်ခု ပြောချင်တာက နတ်ဆိုတာ ပန်းချီ ၊ ပန်းပုတွေ မှာပဲ လှပါတယ်။ အပြင်မှ လုံးဝ မလှပပါ။ ကျန်းဂန်တွေမှာ အတိအကျ ဆိုထားပါတယ်။ကျနော်က စာတစ်ပုဒ်မှာ အကြောင်းအရာ ရှင်းပြချက်တွေ အရမ်းများနေတာ သိပ်ပြီး မနှစ်သက်လို့ အတိုဆုံးနဲ့ အကြောင်းအရာ အတွေးများသာ ချပေးလိုက်လေ့ရှိပါတယ်။Khinkhin ရှင်းပြတာကို ကျနော်က လက်မခံလို့ ပြောတာ မဟုတ်ပေမဲ့ ကျနော် ဆိုလိုချင်တာကို အခုထိ သဘောမပေါက်သေးတဲ့ အတွက် ကျနော့်ကိုယ် ကျနော် တော်တော် ညံ့တာပါလား လို့ပဲ ယူဆမိတာပါ။Khinkhin က တော်လွန်းနေတာလည်း ဖြစ်မှာပါ။
ကျေးဇူးတင်ပါတယ်။

(7)
Khinkhin has left a new comment on the post "ဘုရား နှင့် နတ်များ":
ကိုဇော်ရေ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေကို နတ်လို့ ဘယ်သူကမှ မယူဆဘူးဆိုတာ ကျွန်မနားမလည်ပါဘူး။ (ပို့စ်ရဲ့ အဓိကအကြောင်းအရာနဲ့ သွေဖီနေလို့ ရှင်းမပြချင်ရင်လည်း ရပါတယ်)ဗုဒ္ဓအဘိဓမ္မာ ဘုံပိုင်းမှာတော့ နတ်ပြည် ၆-ထပ်အကြောင်း အတိအကျပါပါတယ်။ ကျမ်းဂန်တွေကို မျက်စိမှိတ်ယုံတာ မဟုတ်ပေမဲ့ အချက်အလက် တိကျမှန်ကန်မယ်လို့ ယူဆရတဲ့အခါ လက်ခံပါတယ်။ ကိုယ့်ထက် သီလ သမာဓိ အသိဥာဏ် နဲ့ ပါရမီ ရင့်သန်တဲ့သူတွေ ပြောတဲ့အခါ လက်ခံ ယုံကြည်ပါတယ်။ အခုအချိန်ထိတော့ ကျွန်မလေ့လာမိသလောက် ဗုဒ္ဓအဘိဓမ္မာမှာ လက်မခံနိုင်စရာ မရှိသလောက်ပါပဲ။ ကိုယ့်ဥာဏ်နဲ့ မမီတိုင်း ကိုယ်မမြင်ဖူးတိုင်း မရှိဘူးလို့ ပြောလို့မရဘူးလို့ ထင်ပါတယ်။

နတ်တွေရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး နတ်တွေနဲ့ ကြုံခဲ့ရဖူးတဲ့ ဆရာတော်တပါး ဟောကြားခဲ့တဲ့ တရားတော်ကိုလည်း နာကြားခဲ့ဖူးပါတယ်။ အဲဒီဆရာတော်လည်း သက်ရှိထင်ရှား ရှိနေဆဲပါ။ မလှတဲ့ နတ်ရှိသလို လှတဲ့ နတ်လည်း ရှိမှာပါပဲ။ လူတွေလိုပေါ့။ နတ်တွေမလှဘူးလို့ အခိုင်အမာဆိုထားတဲ့ ကျမ်းဂန်လေးကို ညွှန်းပါလား။ လေ့လာကြည့်ချင်လို့ပါ။ ကျွန်မလေ့လာအား နည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ နတ်ကို လှတယ်လို့ ပြောမိတဲ့အတွက် ကျွန်မက နတ်ကိုးကွယ်နေသူလို့ မထင်လိုက်ပါနဲ့နော်။ ကျွန်မက ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ပါ၊ ဗုဒ္ဓမှတပါး တခြားသောအရာတွေ မကိုးကွယ်ပါ။ နတ်ဘယ်နှစ်မျိုး ရှိသလဲဆိုတာလဲ ကျွန်မ မသိပါ။ စိတ်လည်း မ၀င်စားပါ။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ကိုယ့်ယုံကြည်မှု ကိုယ့် ကိုးကွယ်မှုနဲ့ ကိုယ် ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါကြောင့် နတ်ကိုးကွယ်သူတွေကိုလည်း အပြစ်မတင်လိုပါ။

စာရေးသူ ကိုဇော်က ညံ့တာ မဟုတ်ပါဘူး။ကိုဇော်ဆိုလိုတာကို သဘောမပေါက်နိုင်လွန်းတဲ့ စာဖတ်သူ ကျွန်မကပဲ အတော်ညံ့နေတာ ဖြစ်မှာပါ။ အရေးတယူ ပြန်လည်ရှင်းပြပေးတာကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။ ကိုဇော့်ဆီမှာ ညလည်း နက်နေပြီ။ (မနက်တောင် မိုးလင်းတော့မယ်၊ ထင်တယ်) ကိုဇော်လည်း အိပ်ရေးဝအောင် အိပ်လိုက်ပါအုံးနော်။ ဆက်ဆွေးနွေးချင်ရင် ကျွန်မ မေးလ်ကို ပို့လို့ရပါတယ်။ ကျွန်မလည်း ဒီပို့စ်မှာ ဒီလောက်ပဲ ပြောပါရစေတော့။
............................
(8)
♥ ကိုဇော် ♥ has left a new comment on the post "ဘုရား နှင့် နတ်များ":
သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေကို လူတွေက နတ်လို့ ဘာလို့ မယူဆဘူးလို့ ကျနော်က ပြောလဲ ဆိုရင် မနက် အိပ်ယာထလို့ မျက်နှာမသစ်ရခင် ကိုယ်စောင့်နတ်ကိုတောင်မှ မေတ္တာပို့ဖူးရဲ့လား။ ဒါပေမဲ့ နတ်အုန်းလေးကိုတော့ သွားပြီး လိုက်ကာလေး ဖွင့်ပေးတတ်တာတွေ ကျနော် မြင်ဖူးလို့ ပြောလိုက်တာပါ။နောက်က ( ) ထဲမှာ ကျနော် ထည့်ရေးထားပါတယ်ဗျ။ ဟုတ်ပါတယ်နော်။နတ်တွေနဲ့ ပတ်သတ်ပြီး သူတို့ ရုပ်ရည်တွေကို ဖော်ပြထားတဲ့ ကျမ်းဂန်တွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော့်ဘေးမှာတော့ မရှိပါ။ အိမ်မှာပဲ ရှိတာ ဆိုတော့ တဆင့်လေ့လာလို့ ရအောင် စာအုပ်တစ်အုပ် ညွှန်းမယ်ဗျာ။ အဲဒီစာအုပ်ကနေ နတ်တွေရဲ့ သဏ္ဍာန်နဲ့ သူတို့ အကြောင်းတွေကို အကျဉ်းချုပ်သိရပြီးတော့ အဲဒီကနေ တဆင့် ညွှန်းထားတဲ့ ကျန်းဂန်တွေကို လေ့လာ မှတ်သားကြည့်ပါ။ စာအုပ်က ဆရာ တာရာမင်းဝေ ရေးတဲ့ “ တေးသွားနံပါတ် ၁၀၀၁ ” ပါ။
“ ကိုယ့်ဥာဏ်နဲ့ မမီတိုင်း ကိုယ်မမြင်ဖူးတိုင်း မရှိဘူးလို့ ပြောလို့မရဘူးလို့ ထင်ပါတယ်။ ” ဆိုတဲ့ စကား အတွက်တော့ ကျေးဇူးပါပဲ ၊ ကျနော် ရယ်မိလို့ပါ။ ဒီစကားလေးက ကျနော့် မူရင်း ပို့စ်ဆီကို ပြန်ရောက်သွားပါတော့တယ်။ ဟူး...တော်ပါသေးရဲ့ အခုမှ ရောက်တော့တယ်။

(9)
Khinkhin has left a new comment on the post "ဘုရား နှင့် နတ်များ":
ဆက်မပြောတော့ဘူးလို့ပဲ။ ဒါပေမဲ့ ကိုဇော့်ကွန်မန့်ဖတ်ပြီး ကျွန်မ ပြုံးမိတယ်။ဟုတ်တယ် ကိုဇော်ရေးတာကို ကျွန်မ သဘောမပေါက်တာ။ အခုလို ရှင်းပြလိုက်တော့ သဘောပေါက်ပါပြီ။ကိုဇော်ပြောသလောက်ကြီးတော့ မဟုတ်သေးဘူး ထင်တာပါပဲ။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေကို လူတွေက မေတ္တာပို့ကြပါတယ်။ သတ္တ၀ါ အားလုံး မေတ္တာပို့ရင်၊ ၃၁ ဘုံသားတွေကို မေတ္တာပို့ရင် နတ်တွေလဲ ပါနေတာပဲ မဟုတ်လား။ တခြားလူတော့ မသိဘူး၊ ကျွန်မကတော့ နတ်တွေ ဗြဟ္မာတွေအပြင် ငရဲပြည်က ယမမင်းကိုပါ မေတ္တာပို့ပါတယ်။ ပို့မယ့်ပို့တော့ ဘယ်သူမှ ချန်ထားတာ မကောင်းဘူးမဟုတ်လား။ နတ်အုန်းလိုက်ကာ ဖယ်တာပြုတာတော့ ကျွန်မလည်း မသိဘူး။ နတ်အုန်းလည်း အိမ်မှာ မရှိဘူး။ အထက်မှာလဲ ပြောခဲ့ပြီးပါပြိ။ အဲဒီလို နတ်မျိုးတွေကို မကိုးကွယ်သလို စိတ်လဲ မ၀င်စားပါဘူး။ (မေတ္တာပို့တာက လွဲလို့ပေါ့)

ကိုဇော်ခံယူချက်ကလဲ ကွန်မန့်တခုထဲတင်ပဲ ၂ မျိုးဖြစ်နေသေးတယ်။ အပေါ်မှာရေးထားတော့ ကျမ်းဂန်တွေ မလိုက်နာဘူး၊ ဘုရားပြောသလို ကိုယ်တိုင်လိုက်နာဆုံးဖြတ်တယ်တဲ့။ အောက်နားလဲ ကျရော နတ်တွေ မလှတာ ကျမ်းဂန်နဲ့ အတိအကျပါသတဲ့။ ကိုယ်ပြောချင်တာလေးတော့ ကျမ်းဂန်ကို ယုံပြီး တခြာားသူက ကျမ်းကိုးတာကိုတော့ မယုံဘူးဆိုတဲ့ သဘောများလားဟင်။

ဘာပဲဖြစ်ဖြစ်ပါလေ ကိုဇော်ရေးတဲ့ နောက်ဆုံးစာသားကတော့ အဟုတ်ကိုပဲ အသံထွက်ပြီးရယ်မိသွားတယ်။လတ်စသတ်တော့ (ကျမ်းဂန်အစဉ်အလာကို မြတ်နိုးပေမဲ့ သေချာတော့ လိုက်နာလေ့မရှိဘူးဆိုတဲ့) ကိုဇော်က ဘုရားဟောကျမ်းဂန်ကို ပယ်ပြီး တာရာမင်းဝေ ကျမ်းဂန်ကို ကိုးကွယ်နေသူပါလား .... ။ စိတ်တော့ မရှိပါနဲ့။ ကိလေသာပယ်ပြီးသူတွေ ကိလေသာနည်းအောင် အားထုတ်နေသူတွေရဲ့ ကျမ်းဂန်တွေကိုပဲ စိတ်ဝင်စားပါတယ်။ လေ့လာလိုပါတယ်။ တာရာမင်းဝေကျမ်းဂန်ကတော့ လေ့လာလည်း ကျွန်မအတွက် အကျိုးရှိမယ် မထင်ပါဘူး။နောက်ဆုံးပြောရရင်တော့ ကျွန်မပြောတဲ့ အချက်က ကိုဇော်မူရင်း ပို့စ်ဆီ ပြန်ရောက်သွားတယ်ဆိုလို့ ကျွန်မလည်းပဲ ၀မ်းသာပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။
မင်္ဂလာရှိသော နေ့ကလေး ဖြစ်ပါစေ။
..................

(10)
♥ ကိုဇော် ♥ has left a new comment on the post "ဘုရား နှင့် နတ်များ":
မKhinkhin ဆိုလိုတာ ကျနော် သဘောမပေါက် မိပါလား။ လူတွေမှာ အမျိုးမျိုး အတန်းစားတွေ ရှိပါတယ်။ ကျွန်တော်ရေးပြတဲ့ ကျန်းဂန်တွေကို လိုက်ရှာဖတ်ပါ ဆိုရင်လည်း ရှာမရဘူး လုပ်ဦးမယ်။ ဒါကြောင့် အလွယ်ဆုံးနဲ့ ကျနော် အခု လက်လှမ်းမှီတာကို တင်ပြလိုက်တာပါ။ ဒါကို မဖတ်ကြည့်သေးပဲနဲ့ တာရာမင်းဝေကို ကျမ်းဂန်တွေကို လို့ သတ်မှတ်လိုက်ပြီး ပြောတဲ့ အတွက် ကျနော် သဘောပေါက်လိုက်မိပြီ။ ဒီလို စကားတွေ ထွက်တတ်တဲ့ လူတန်းစားက “ အယူမှားသူတွေ ၊ မိစ္ဆာဒိဌိတွေရဲ့ နှုတ်ကသာ ထွက်တတ်တာ။ ”
မေတ္တာပို့တယ် ဆိုတဲ့ အပိုင်းမှာ ကျနော်ကလည်း ဒီလိုပဲ အထက်ကနေ အောက်အထိ မေတ္တာပို့တာပါပဲ။ ဒါပေမဲ့ မေတ္တာပို့တဲ့ အထဲမှာ ကိုယ်နဲ့ မဆိုင်ပေမဲ့ ၃၇ မင်းတွေ နတ်တွေ တစ္ဆေတွေလည်း ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်က မေတ္တာ မကွက်တတ်ပါဘူး။ ကျနော့် မေတ္တာက ကွက်ကြားမိုး မဟုတ်ဘူးလေ။

ကျမ်းဂန်တွေထဲက အတိုင်း ကျနော် လိုက်နာလေ့ မရှိပါဘူး ကိုယ်တိုင် ဆင်ခြင်ပါတယ်။ နတ်တွေရဲ့ ရုပ်ရည်ကို အဲဒီနေရာတွေမှာ အတိအကျ ရေးထားတယ်လို့ ကျနော် ပြောတာလေ ဒါက လိုက်နာတာ မဟုတ် ညွှန်းဆိုပြယုံမျှသာ ။ဒါနဲ့ “ အထွန့်တတ်ခြင်း ” ဆိုပြီး ကျနော်ရေးထားတဲ့ ပို့်စ်ကို ဖတ်လိုက်ရင် ဒီအကြောင်းတွေ သိသွားမှာပါ။

တစ်ခု ပြောချင်တာက ကျနော်လည်း နတ်မကိုးကွယ်ပါဘူး။ ဒါပေမဲ့ သေချာပါတယ်။ မKhinkhin က “ ကိုးကွယ်တာ နဲ့ ပူဇော်တာ ” မကွဲဘူး ဖြစ်နေတယ်။ဆရာတော် ဝရသာမိ ( ပဲခုး ) ရေးတဲ့ နတ်များနဲ့ ဆက်စပ်ပတ်သတ်သမျှ ဆိုတဲ့ စာအုပ်လေး အရင် ဖတ်ကြည့်ပါလား။
ဖတ်ရတာ ပြုံးမိပေမဲ့ . . . ဆက်မဆွေးနွေးတော့ပါ။ကိုယ်တိုင် အားထုတ်ရေးတာကိုပဲ ကျနော် လာဖတ်တော့တယ်။ ပို့စ် တစ်ပုဒ်ဆိုတာကို တာဝန်ခံပြီး ရေးလိုက်ပါ။ လာဖတ်ပြီး ဆွေးနွေးပေးပါ့မယ် :P

(11)
Khinkhin has left a new comment on the post "ဘုရား နှင့် နတ်များ":
ကိုဇော်ကတော့ရယ်သထက် ရယ်ရအောင် လုပ်နေပြန်ပါပြီ။ ကျွန်မ ဘလော့ဂါ မဟုတ်ပါဘူးဆိုမှ ဇွတ်ပဲ ပို့စ်တပုဒ် အတင်းရေးခိုင်းနေတာပဲ။ ကျမက စာဖတ်သူပါ၊ ကိုဇော်ရဲ့ ကွန်မန့်ဘောက်စ်မှာ အမြင်မတူတာလေးတွေ ချပြခဲ့ပါဆိုလို့ ချပြတာပါရှင်။ ဒါကို ပို့စ်အတင်းရေးခိုင်းနေတော့ ကျမဘယ်လိုလုပ်ရမလဲ။ တာရာမင်းဝေ ကျမ်းဂန်တွေလို ကျမပြောရခြင်းက ကိုဇော်ရဲ့ ဒီစာသားကြောင့်ပါပဲ။
(အဲဒီစာအုပ်ကနေ နတ်တွေရဲ့ သဏ္ဍာန်နဲ့ သူတို့ အကြောင်းတွေကို အကျဉ်းချုပ်သိရပြီးတော့ အဲဒီကနေ တဆင့် ညွှန်းထားတဲ့ ကျန်းဂန်တွေကို လေ့လာ မှတ်သားကြည့်ပါ။ စာအုပ်က ဆရာ တာရာမင်းဝေ ရေးတဲ့ “ တေးသွားနံပါတ် ၁၀၀၁ ” ပါ။)

အင်း ကျမ်းကိုးဆရာက ကျမ်းနဲ့ ကျန်းတောင် မှန်အောင် မပေါင်းတတ်တာတော့ ခက်သားပဲ။ ထားပါတော့ စာလုံးပေါင်းကတော့ ကျမပြင်ဆင်ဖြည့်စွက် ဖတ်သွားနိုင်ပါတယ်။
စာရေးရင် ရှင်းရှင်းရေးပါရှင်။ ကျမတို့လို လူပြိန်းတွေက သမားဂုဏ်ပြ ရေးတာမျိုးကို ရုတ်တရက် သဘောမပေါက်တတ်လို့ပါ။
ကျမကို အယူမှားတယ် မိစ္ဆာဒိဋ္ဌိ (ဒိဌိ မဟုတ်ဘူးနော်) လို့ စွပ်စွဲတာလည်း အတော်လေး ရယ်ချင်ပါတယ်။ ဘာအကြောင်းပြချက်နဲ့များ ခုလို စွပ်စွဲတာပါလိမ့်။ ကျမပြောတဲ့ စာသားထဲမှာ မိစ္ဆာဒိဋ္ဌိ အယူမှား အမြင်မှား စကားတလုံးတလေ ပါရင် ထောက်ပြပါလား။

အဘိဓမ္မာနေ့နဲ့ ဗုဒ္ဓနေ့တောင် ခွဲခြားမသိတဲ့လူတယောက်က ခုလိုစွပ်စွဲလာတော့ အင်မတန်ရယ်ချင်တာပါပဲ။
ကဲ ဆက်မပြောကြပါစို့နဲ့ရှင်။ ကျမ ရယ်ရတာ အူနာနေပြီ။ ကျမ်းတွေလဲ ဆက်ညွှန်းမနေပါနဲ့တော့ ကျေးဇူးတင်ပါရဲ့။

တကယ်တမ်း ဒီဘလော့ကို လာဖတ်ဖြစ်တာက သူများဘလော့ဆိုက်ဘားမှာ ပေါ်နေတဲ့ စာသားထဲက ထိပ်ဆုံးစာကြောင်းလေး မှားနေတာ မြင်လို့ လာပြောချင်လို့ ရောက်လာခဲ့တာပါပဲ။ တခြားပို့စ်တွေ ဖတ်ဖို့လဲ မညွှန်းပါနဲ့ ... အခုတောင် အချိန်ကုန်လှပြီ။ ကျမ ငြင်းခုန်တာ ၀ါသနာမပါဘူး။ ဆွေးနွေးတာပဲ ၀ါသနာပါပါတယ်။
ကိုယ့်စာကို လာဖတ်ပြီး ဆွေးနွေးတဲ့လူအပေါ် တုန့်ပြန်တဲ့ တုန့်ပြန်ချက်ကတော့ စံနမူနာတင်လောက်ပါရဲ့ ။ :)
.........................

(12)

♥ ကိုဇော် ♥ has left a new comment on the post "ဘုရား နှင့် နတ်များ":
နောက်ဆုံးမန့်ထားတာကိုတော့ ကျနော်ဖျက်တယ်ဗျ။ဘာလို့လဲ ဆိုတော့ ခင်ဗျားက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား။ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တာ ရေးတဲ့ နေရာတွေမှာ ဒီလိုပဲ လိုက်ပြီး သူများတွေ အမြင်မှားအောင် ရေးနေလားလို့ တွေးလိုက်မိလို့ပါပဲ။နောက်ထပ် ထပ်မန့်လာရင်လည်း ဖျက်ဖို့ အဆင်သင့်ပါ။သူများ ဘာသာကို ကျနော် မပြောဘူး။ ကိုယ့်ဘာသာအကြောင်းပဲ ကိုယ်ပြောတာပါ။

♥ ကိုဇော် ♥ said...ကျေးဇူးပါပဲ tint ခင်ဗျ။ကျနော်က ဘာသာရေး အယူအဆနဲ့လည်း မထိတွေ့ဘူး။ သိပ္ပံ အယူအဆ နဲ့လည်း မထိတွေ့ပါဘူး။ တွေးမိတာလေးနဲ့ ဖတ်မိတာလေးကို ရေးကြည့်တာပါ။ ဒါပေမဲ့ဗျာ စရေးကတည်းက ဒီမှာတော့ ဆိုပြီးမှ Wesak Day လို့ စထားတာပါ။ ဒါကို Vesak Day ပြောင်းပါ ဆိုတော့ ကျနော် ဘယ်လို လုပ်ပေးရမလဲ။
http://www.google.com.my/#hl=en&q=Wesak+day+&aq=f&aqi=g-s1g7&aql=&oq=&gs_rfai=&fp=1&cad=b
ဒါကြောင့် ကိုယ့်ဖာသာ တွေးယူတာပဲ ကောင်းပါတယ်လေ။ ကျနော်က ဖြေရှင်းမရရင် မငြင်းချင်ဘူးဗျာ။ ရှင်းတော့ ရှင်းပစ်တတ်တယ်။ ဒါကြောင့် ဒီလိုပဲ လုပ်လိုက်တာပါ။
ကျေးဇူးပါပဲ ဝင်ရောက် ဖြေရှင်း စိတ်ညစ်ပေးလို့။
အတ္တ နဲ့ ဒေါသအကြောင်း သင်ပေးတဲ့ အတွက်လည်း ကျေးဇူးပါပဲ။
May 29, 2010 7:44 PM

(ကွန်မန့်ဖတ်ရသလောက် ခင်ခင်မပြောင်းခိုင်းတာကို ပြောင်းခိုင်းပါတယ် လုပ်ထားတဲ့ ကွန်မန့်လေးပါ ရှင်းအောင် တင်ပေးလိုက်ပါတယ်။ နတ်မင်းကြီး၏ မှတ်ချက်)
++++++++++++++++++++
နတ်မင်းကြီး has left a new comment on your post "သစ္စာ နှင့် ကျိန်စာ":
လူတတ်ကြီးလုပ်တတ်တဲ့ဘလော့ဂါကြီး ရှေ့လျှောက် သတိထားပါ။ ဘလော့ဂါတိုင်း ဒီလိုမဟုတ်ဘူး ဆိုတာ ခင်ခင် တို့လို စာဖတ်သူတွေ နားလည်စေချင်ပါတယ်။မာတီမှာ ရခဲ့တဲ့ သင်ခန်းစာနဲ့ ဘလော့မှာ ထပ်ရတဲ့ သင်ခန်းစာကို ပေါင်းပြီး မောင်ဇော်လည်း ရှေ့ဆက်ပြီး ရိုးရိုး ကုပ်ကုပ်နဲ့ ကိုယ့်စာကိုယ်ရေးပါလေ။
++++
ဒါပါပဲရှင် ...
အမှန်တရားပေါ်ပေါက်ပြီမို့ ကျွန်မဘလော့လည်း ဒီတင် ရပ်ပါပြီ။
အမှန်တရားအတွက် အချိန်တွေတော့ တော်တော်လေး ပေးဆပ်လိုက်ရပါတယ်။ နတ်မင်းကြီးကိုလည်း အထူးကျေးဇူးတင်ကြောင်း ထပ်မံ ပြောပါရစေ။
လာရောက်ဖတ်ရှု အားပေးကြသူများ ကွန်မန့်ရေးကြသူများ ကျွန်မနဲ့ အမြင်တူသူ အမြင်မတူသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

ခင်ခင်

သစ္စာ နှင့် ကျိန်စာ

စိတ်တော့ မကောင်းပါဘူး။
ဒီလိုမလုပ်ချင်ပေမဲ့ လုပ်ရတော့မယ်။
သက်သေမရှိတဲ့ အမှန်တရားအတွက် ကျွန်မ သစ္စာကိုပဲ အားကိုးရပါတော့မယ်။
ယောက်ျားမပီသသူ ဘလော့ဂါတယောက်ရဲ့ လုပ်ရပ်ကို အများသိအောင် ဖွင့်ဟခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဟန်ဆောင်ကောင်းမှု အပေါ်ယံ ရွှေမှုန်ကြဲ ဆက်ဆံတတ်မှုတွေနဲ့ လိမ်ညာ လီဆယ် လုပ်ကြံမှုတွေကြောင့် လူတွေဟာ သူ့ကို အထင်တကြီး ရှိနေဆဲပဲ။ ဒါကလည်း မထူးဆန်းပါဘူး။ လူ့သဘာဝ လူ့လောကကို ကဒီလိုပဲကိုး။

အမှန်တရားကို ဘုရားသိတယ်တဲ့ ကိုသံမဏိဆိုသူက ပြောသွားပါတယ်။
တကယ်တော့ အမှန်တရားကို ကိုယ်ကိုယ်တိုင်သာ သိတာပါ။ မိမိပြုတဲ့ အလုပ်ဟာ မှန်မမှန် တရားမျှတမှု ရှိမရှိ မိမိသာလျှင် အသိဆုံးဖြစ်တယ်။ ကိုယ်က ပိပိရိရိ လိမ်ညာထားရင်လည်း တခြားလူ မသိနိုင်ပါဘူး ကိုယ်ကိုယ်တိုင်ပဲ သိနိုင်တာပါ။ ကိုယ်ပြုတဲ့ လိမ်မှု ညာမှု စော်ကားမှု မာယာပရိယာယ်တွေ အားလုံးဟာ ကိုယ့်နောက်ကို အရိပ်လို လိုက်နေမှာပါ။ ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ကံ ကံရဲ့ အကျိုးတရားဆိုတာ ရှိပါတယ်။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်မှာ အသေအချာပါပဲ။ သံသရာကို မကြောက်ရင် ၀ဋ် ဆိုတာကို မကြောက်ရင် လိမ် ညာ လှည့်စားပါ။ အခု အသာစီးရတယ်ဆိုတာ တခဏ၊ တဒင်္ဂ၊ အများဆုံး တဘ၀ ပါပဲ။ ဒီအပြစ်ရဲ့ နောက်ဆက်တွဲ ရလာဒ်ကို တသံသရာလုံး ခံသွားရမယ်ဆိုတာ ပြုသူက မေ့များနေရော့သလား။

ကိုယ်တိုင် ဘာသာရေးတွေ အဆုံးအမတွေ ရေးနေပေမဲ့ အတွင်းစိတ်က ကောက်ကျစ် ယုတ်မာ လှည့်စားတတ်တဲ့ ဓာတ်ခံကြီး လွှမ်းမိုးနေတဲ့ လူတယောက်ကို ကျွန်မကတော့ လုံးဝအထင်မကြီး မလေးစားပါဘူး။ သူမှားတာ သူခံလိမ့်မယ် သူစာတွေက ကောင်းလို့ သူ့ကို အားပေးရမယ် ဆိုရင်ဖြင့် အမှားလုပ်သူကို အားပေးအားမြှောက် ပြုရာ ကျပါတယ်။ နောက်ထပ် တူညီတဲ့ အမှားတွေ ထပ်ခါ ထပ်ခါ ကျူးလွန်အောင် ၀ိုင်းဝန်း မြှောက်ပင့်ရာ ကျနေပါတယ်။ ဒီလိုလူဟာ ဘယ်တော့မှ ပြုပြင်လို့ရတော့မယ် လူစားမျိုး မဟုတ်ဘူး။

ကျွန်မဟာ စာဖတ်သူ သက်သက်တယောက်ပါ။ ၀ါသနာပါလို့ ဘလော့တွေ လည်ပတ် ဖတ်ရှုရင်း တခါတရံ ကြုံရင်ကြုံသလို မှတ်ချက်ဝင်ရေးလေ့ရှိပါတယ်။ အခု ဒီလုပ်ရပ်မှာ ကျွန်မရဲ့ အမှန်တရားအတွက် ဘလော့ဂါတွေကို တိုင်တည်ခဲ့တယ်။ ကွန်မန့်တွေ ပြန်တင်ပေးဖို့ အခါခါ တောင်းဆိုခဲ့တယ်။ သူက ထပ်ခါ ထပ်ခါ လိမ်ညာပြီး ခုထိ ရူးချင်ယောင်ဆောင်ကာ ဘာမှ မတုန့်ပြန်ပေးခဲ့ဘူး။ ကျွန်မ အမှန်တရားအတွက် ဘယ်သူ့ကိုမှလည်း အားကိုး မရတော့ပါ။ ဘယ်သူ့ကိုမှလည်း မတိုင်တည် လိုတော့ပါ။ ဒီအချိန်မှာ ကျွန်မ သတိရမိတာက ၀ဋ္ဋသုတ်ကိုပါ။ ဘုရားလောင်း ငုံးမင်းဘ၀က တောမီးလောင်တော့ အားကိုးရာ မရှိချိန်မှာ သစ္စာကိုပဲ အားကိုးပြီး သစ္စာပြုခဲ့သလို အခု ဒီအဖြစ်အပျက်မှာလည်း သက်သေမရှိတဲ့ကျွန်မ၊ အုပ်စုနဲ့တကွ ဘာအားကိုးရာမှမရှိတဲ့ ကျွန်မ သစ္စာပြုပါမယ်။
+++++++++
သစ္စာ
ကျွန်မဟာ ကိုဇော်ဆိုသူရဲ့ ဘလော့မှာ အချိန်ကုန်ခံပြီး မှတ်ချက်ရေးကာ ကျွန်မအမြင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပါတယ်။ ထိုဆွေးနွေးချက်များထဲမှာ တခြားဘာသာများကို ပုတ်ခတ်ခြင်း မရှိတဲ့အပြင် သူပြောသလို Wesakday ကို ပြင်ခိုင်းခြင်းလည်း လုံးဝမရှိခဲ့ပါဘူး။ သူ့ရဲ့ ပြန်လည်ဆွေးနွေးချက်များမှ အထက်အောက် မညီသော စကားများကိုသာ ထောက်ပြ ပြောဆိုခြင်း၊ သူ၏ မှားယွင်းနေသော စာလုံးပေါင်းများကို ထောက်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဤစကားမှန်ကန်ပါက ကျွန်မ ဘ၀တလျှောက် အွန်လိုင်းတွင် ဖြစ်စေ အပြင်လောကတွင်ဖြစ်စေ လိမ်ညာသူများနဲ့ ထပ်မံ မတွေ့ရပါစေနဲ့။ မာယာပရိယာယ်များတဲ့ ကိုဇော်လို ယောက်ျားမျိုးများအား ရှောင်ကြဉ်နိုင်ရပါစေ။ သံသရာမှ လွတ်မြောက်ကြောင်း တရားကို ငြိမ်းချမ်းစွာ အားထုတ်နိုင်ရပါစေ။
++++++
သစ္စာပြုပြီးတဲ့အခါ ကျွန်မ ကျိန်စာဆိုပါမယ်။ သစ္စာဟာ လိုရာဆန္ဒ ပြည့်ဖို့ အမှန်တရားကို တိုင်တည်တာ ဖြစ်သလို ကျိန်စာဟာလည်း ကိုယ့်ကို ဒုက္ခပေးသူ၊ ကောင်းရာကောင်းကြောင်း ဖျက်ဆီးသူ၊ ကိုယ့်အမှန်တရားနဲ့ သိက္ခာကို ထိပါးစော်ကားလာသူအတွက် တန်ပြန်ခံစားရအောင် တိုင်တည်ပြောဆိုတဲ့ စကားရပ်ပါ။ တကယ်တမ်း ကျိန်စာမဆိုလည်း အပြစ်ရှိသူက သူ့ကံနဲ့သူ ခံရမှာပါပဲ။ ဒါပေမဲ့ ကျွန်မ ကျိန်စာဆိုပါမယ်။ ပိုထိရောက်အောင်လို့ပါ။ ရှေးခေတ် ကျောက်စာတွေမှာပါသလို အရိမေတ္တယျ ဘုရားအား အ-ဖူးရစေ ဆိုတဲ့ ကျိန်စာမျိုး ကျွန်မ သဘောကျပါတယ်။
++++++++++++
နတ်မင်းကြီး တောင်းဆိုမှုကြောင့် ကျိန်စာကိုဖျက်လိုက်ပါပြီ။
ကျွန်မလည်း မတတ်သာလို့ ခုလို လုပ်ရတာပါ။ ကူညီ ဖြေရှင်းပေးတဲ့ နတ်မင်းကြီးကို အထူးကျေးဇူးတင်ပါတယ်။
++++++++++++
အားလုံးကို နောက်ဆုံး ပြောချင်တာကတော့ စာရေးသူ (ဘလော့ဂါများ)နဲ့ စာဖတ်သူတွေကြားမှာ အမှန်တရား မရှိနေသရွေ့ ကျွန်မဟာ ကိုယ်တင်ပြ ဆွေးနွေးချင်တဲ့ အကြောင်းအရာများကို ဘယ်တော့မှ ကွန်မန့်တွေထဲမှာ ၀င်ရောက် မဆွေးနွေးဝံ့တော့ပါဘူး။ တရားမျှတမှုမရှိ၊ တဘက်သတ်ဆန်တဲ့ ဒီလောကကြီးက လူတချို့အကြောင်း ကောင်းကောင်း သိလိုက်ပါပြီ။ (အားလုံးကို မဆိုလိုပါဘူး)။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ စာဖတ်ဝါသနာ မဖျောက်နိုင်တာမို့ တိတ်တဆိတ်သာ စာဖတ်နေပါတော့မယ်။ ဒီစာဟာ ဒီဘလော့အတွက် နောက်ဆုံးဖြစ်ချင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ခင်ခင်

Saturday 29 May 2010

လိမ်တယ် ညာတယ် လူညာကြီးရယ်

ကျွန်မကတော့ အားလုံးကိုပဲ တိုင်တည်ချင်ပါတယ်။
ဟောဒီကွန်မန့်ကို ဖတ်ကြည့်ကြပါဦးရှင်။

အေးမင်း said...
ဒီမှာ မပြောချင်လို့ မနေညကတည်းက ဟိုမှာ သွားသွားဖတ်နေတာ...........ခင်ဗျားတို့လို လူတွေ ဘလော့လောကမှာ အများကြီး..............သူများတွေကို လျှောက်ပုတ်ခတ်မယ်.............ဟိုက ပြန်ပြောရင် ဘလော့တင်ပြီး နာမည်ကောင်းယူမယ် ........နာမည်ကြီးအောင် လုပ်မယ်............ဒီမှာ ခင်ဗျားလည်း စလုံးက ကျုပ်လည်း စလုံးကပဲ.......ဘယ်မှာနေလဲ ပြော လာတွေ့မယ်............သူများကို ခုတုံး မလုပ်နဲ့.........ဒါမျိုးတွေ ဘလော့လောကမှာ ရိုးနေပြီ.....ကိုယ့်ဖာသာ ကြိုးစား..........တောင်းပန်လေ ပိုဆိုးလေ ဖြစ်နေပီ ခင်းဗျားက ..........ပြော ကျုပ်လာတွေ့မယ်............
29 May 2010 08:05

စလုံးကဆိုသူ ကိုအေးမင်း ရဲ့ အိုင်ပီလိပ်စာ။
29 May 16:06:26
SeaMonkey 2.0 Win7 1280x1024
Kuala Lumpur,Malaysia Packet One Networks (m) Sdn (120.141.144.36)

ဒါကတော့ ကိုဇော်ပထမဆုံး ကွန်မန့်လာရေးတုန်းက အိုင်ပီလိပ်စာ။
29 May 14:20:49
Firefox 3.6 Win7 1280x1024
Kuala Lumpur,Malaysia Packet One Networks (m) Sdn (120.141.144.36)

အံ့သြစရာကောင်းလောက်အောင် တူတူပဲ ဖြစ်နေပါတယ်။
ကိုဇော်ဟာ အေးမင်းနာမည်သုံးပြီး တဖက်လှည့်နဲ့ ကျွန်မကို လာစွပ်စွဲပြန်ပါတယ်။
ယောက်ျားမဆန်တဲ့ လုပ်ရပ်က ပိုပိုဆိုးလာပြန်ပါတယ်။
ဘာကြောင့်များ လက်သီးပုန်းထိုးရတာပါလဲ ကိုဇော်ရေ။
အဲဒီလို ဖြစ်မှာစိုးလို့ အိုင်ပီအားလုံး ကျွန်မ မှတ်ထားခဲ့တာပါ။
ဘလော့ဂါများနဲ့ စာဖတ်သူများ လူလိမ်လူကောက် လူညာများကို သတိထားကြပါ။
++++++++
ဖြည့်စွက်ခြင်း။

ကျွန်မ စာရေးသူလဲ မဟုတ် ဘလော့ဂါလဲ မဟုတ်ပါဘူး။ စာဖတ်သူ တယောက်သာ ဖြစ်ပါတယ်။
ကိုဇော်ဆိုတဲ့ ဘလော့ဂါရဲ့ တဘက်သတ်စွပ်စွဲချက်နဲ့ အဓိပ္ပါယ်မရှိ ကွန်မန့်တွေ ဖျက်ပစ်လို့သာ ဒီဘလော့ကို ရေးရခြင်းဖြစ်ပါတယ်။ အဲဒါဟာ ကျွန်မ ဂုဏ်သိက္ခာနဲ့ အမှန်တရား အတွက်ပါ။
ကျွန်မဘလော့ကို လာရောက်သူများအား ပြောချင်တာကတော့ ကျွန်မဘလော့ဟာ သုတ၊ ရသ တခုမှ ပေးစွမ်းနိုင်တဲ့ ဘလော့ဖြစ်မှာ မဟုတ်ပါဘူး။ ကိုဇော်ကို ရည်ရွယ်ပြီးရေးမယ့် ဘလော့သာ ဖြစ်ပါတယ်။ ကိုဇော်ဟာ သူ့အမှားကို ၀န်ခံရင် ကျွန်မ ဒီစာတွေ ရေးတော့မှာ မဟုတ်ဘူး။ ဒီဘလော့ကိုလဲ ရပ်ထားလိုက်မှာပါ။

ဒီလိုတွေ ရေးနေလို့ ကျွန်မကို ဒေါသတကြီးနဲ့ ပူလောင်နေမယ် မထင်ကြပါနဲ့။ ကျွန်မ ဒေါသမကြီးဘူး၊ မပူလောင်ပါဘူး။ ဒါပေမဲ့ အမှန်တရားကို မြတ်နိုးတဲ့အတွက် သူတပါး လိမ်ညာနေတာ မဟုတ်တာလုပ်ကြံ လီဆယ်နေတာတွေ မြင်တဲ့အခါ စိတ်ထဲက ကလိကလိ ဖြစ်ပါတယ်။ အဲဒါတွေကိုလည်း ခေါင်းငုံ့မခံတတ်ပါဘူး။ ဒါကြောင့် ဒါတွေကို ရေးရခြင်းပါ။

ကျွန်မဘလော့ကို လာ၍ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ရှင်။

လေးစားလျက်
ခင်ခင်

စာဖတ်သူများသို့

စာဖတ်သူများ စာရေးသူ ဘလော့ဂါများ အားလုံးရှင် ...
ကိုဇော်ပြောခဲ့သလို ကျွန်မက Wesak Day နဲ့ Vesak day ကို တခါမှ မပြောခဲ့ရပါဘူး။
ကျွန်မပြောတာက သူက အဘိဓမ္မာနေ့လို့ ရေးထားတာကိုသာ ထောက်ပြခဲ့တာပါ။

အခုကျွန်မ ဒီဘလော့ရေးရခြင်း ရည်ရွယ်ချက်က ဘာသာရေးငြင်းဖို့လည်း မဟုတ်သလို နတ်ကိုးကွယ်မှုကို ငြင်းဖို့လည်း မဟုတ်ပါဘူး။
သူ့ရဲ့ နောက်ဆုံး ကွန်မန့်အရ ကျွန်မကွန်မန့်ကို ဖျက်ပစ်ခြင်းဟာ ကျွန်မက တခြားဘာသာဝင်တွေကို ပုတ်ခတ်လို့ ဖျက်တယ် ဆိုတဲ့ ကိစ္စကိုသာ ဖြေရှင်းလိုတဲ့အတွက် ရေးရခြင်းပါ။
ကျွန်မ ကွန်မန့်ထဲမှာ အဲဒီလို ပုတ်ခတ်ာ တခုမှ မပါပါဘူး။ ဒါကို စာဖတ်သူများ အားလုံးမြင်အောင် သူ့ကို ကွန်မန့်ပြန်တင်စေချင်ပါတယ်။
အမှန်တရားနဲ့ သိက္ခာအတွက် ကျွန်မ ခုလောက်ထိ ပြောနေတာပါ။
သူက ထပ်မံလိမ်ညာပြီး ကျွန်မက အဲဒီနေ့ အခေါ်အဝေါ် ပြောင်းခိုင်းသယောင် ထပ်မံ ဖန်တီးပြန်ပါတယ်။
ကျွန်မ အံ့သြပြီးရင်း အံ့သြလို့ မဆုံးပါဘူး။ ကျွန်မ ကွန်မန့်ရေးမှာကို ကြောက်လို့ မော်ဒရိတ်လုပ်တယ်။ ကျွန်မ ရေးသမျှတွေ ဖျက်ပစ်တယ်။
သူ့စီဘောက်မှာလဲ ကျွန်မအိုင်ပီကို ဘန်းထားပြန်ပါပြီ။ ကျွန်မရေးသမျှ မက်ဆေ့ခ်ျတွေလဲ ဖျက်ပစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပရင့်စခရင် ယူထားပါတယ်။ ကြည့်ပါ။


သူ့လုပ်ရပ်နဲ့ စိတ်ဓာတ်က သူဘယ်လိုလူဆိုတာကို ဖော်ပြနေပါတယ်။
ဘလော့ဂါများနဲ့ စာဖတ်သူများရှင် ...
စာဖတ်သူ အမျိုးသမီးတယောက်ကို အဲဒီလို တဘက်သတ် စွပ်စွဲ အနိုင်ယူတာ ကောင်းပါသလား။
ကျွန်မကတော့ အမှန်တရားကို အားလုံးသိစေချင်ပါတယ်။ သူ့ရဲ့ ကောက်ကျစ်မှုကို မသိတဲ့အတွက် ကျွန်မရေးသမျှ သူရေးသမျှတွေ ကော်ပီမလုပ်ခဲ့မိပါဘူး။
သူ့ကို ဖျက်လိုက်တဲ့ ကွန်မန့်တွေ ပြန်တင်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုသော်လည်း မတင်ခဲ့ပါဘူး။
သူဟာ အလွန် ကောက်ကျစ်သူ လိမ်ညာလှည့်ဖျားတတ်သူ တယောက်ပါ။
သူရေးတဲ့ စာတွေ သူတင်နေတဲ့ စာတွေနဲ့ တခြားစီပဲ ဆိုတာ အားလုံး သိအောင် ရေးရခြင်း ဖြစ်ပါတယ်။

ကိုဇော်ဆိုတဲ့ ဘလော့ဂါတဦးရဲ့ လုပ်ရပ်ကို ကျွန်မ အပြင်းအထန် ရှုံ့ချပါတယ်။

ဘလော့ဂါများသို့ ဖွင့်ဟခြင်း

ဘလော့ရေးသူ အစ်ကို အစ်မ မောင် ညီမများရှင် ...
ကျွန်မက ဘလော့ရေးသူမဟုတ်ပေမယ့် ဘလော့တွေကို စိတ်ဝင်တစား လိုက်ဖတ်ပါတယ်။ ကိုယ်ဆွေးနွေးချင်ရင် မှတ်ချက်တွေမှာ ၀င်ရောက်ဆွေးနွေးပါတယ်။ ကျွန်မ မှတ်မိသလောက် ကိုမြစ်ကျိုးအင်းဘလော့၊ ကိုညီလင်းဆက်ဘလော့တို့မှာ ကျွန်မ အမြင်တွေကို မှတ်ချက်လေးတွေထဲ ရေးခဲ့ပါတယ်။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုဇော် ဆိုသူရဲ့ ဘလော့ကို တခြားဘလော့ကတဆင့် ရောက်သွားခဲ့ရာမှာ ကျွန်မ ကြုံခဲ့ရတာလေးကို ပြောပြချင်လို့ပါ။

ကျွန်မဖတ်နေကျ ဘလော့တခုရဲ့ ဆိုက်ဒ်ဘားမှာ ကိုဇော်ဆိုသူရဲ့ http://www.zaw357.net/2010/05/blog-post_28.html အဲဒီပို့စ်အသစ်က ရှေ့ပိုင်းစာလုံးတွေကို ဖတ်လိုက်ရလို့ သူ့ဘလော့ကို ရောက်သွားတာပါ။
သူက ရေးထားတာ “ဒီနေ့ ဒီမှာတော့ wesak day လို့ ခေါ်တဲ့ အဘိဓမ္မာနေ့ပါ” လို့ ရေးထားတယ်။ အဲဒါဖတ်ပြီး လွဲနေသလို ခံစားရလို့ ကွန်မန့်သွားရေးခဲ့တယ်။

နံပါတ်၁ ကွန်မန့်မှာမြန်မာပြည်မှာ သတ်မှတ်တာကတော့ မေ-၂၇ က နယုန်လပြည့်ဖြစ်ကြောင်း၊ ဧပြီ ၂၇-က ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ကြောင်း။ အဘိဓမ္မာနေ့က သီတင်းကျွတ်လပြည့်နေ့ဖြစ်ကြောင်း၊ ဗုဒ္ဓနေ့နဲ့ အဘိဓမ္မာနေ့ မတူကြောင်း ခပ်တိုတို ပြောပြခဲ့တယ်။ ဒါပေမဲ့ ကိုဇော်နေတဲ့ နိုင်ငံမှာ အဲဒီလို သတ်မှတ်သလား (ကျွန်မ တကယ်မသိလို့) မေးခဲ့တယ်။

အဲဒီတော့ ကိုဇော်က သမိုင်းအချက်အလက် အားနည်းပါတယ်လို့ ၀န်ခံပြီး အဘိဓမ္မာနေ့လို့ သူမှားယွင်းသုံးတာကို ဖျက်ခဲ့တယ်။ ပို့စ်ရဲ့ ဆိုလိုရင်းကိုသာ ဆွေးနွေးပါ ဘာမဟုတ်ာလေးနဲ့ မငြင်းချင်ဘူးဆိုလို့ ကျမရဲ့ နံပါတ် ၂ ကွန်မန့်မှာ ပို့စ်ရဲ့ ဆိုလိုရင်းဆီ ပြန်သွားဆွေးနွေးခဲ့တယ်။ အဲဒီကွန်မန့်မှာတော့ လူရဲ့ ခံစားမှု မှတ်သားမှုဟာ နှလုံးမှာရှိတဲ့ ဟဒယ၀တ္ထုမှာ တည်ကြောင်း၊ ဦးနှောက်က တဆင့်မှတ်သားခြင်းသာ ဖြစ်ကြောင်း သည်းခြေ gallbladder ကတော့ ဘယ်လို လုပ်ဆောင်ကြောင်း ပြောပြခဲ့တယ်။ ကျွန်မ ဆွေးနွေးမှုဟာ ဘာသာရေးကို အခြေခံတာ ဖြစ်ပြီး ကိုဇော်ရေးသားမှုဟာ စိတ်ပညာကို အခြေခံတာမို့ မတူညီတာလို့လည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ နောက်ပြီး အောက်နတ်တွေကတော့ မလှဘူး။ ကြောက်စရာပေါ့။ အထက်နတ်တွေကတော့ လှတယ်လို့ ဖတ်ခဲ့ နာခဲ့ဖူးကြောင်းလည်း ထည့်ရေးခဲ့တယ်။

အဲဒီလို ရေးတာကို ကိုဇော်က ဒေါသတကြီးရေးတယ်လို့ စွပ်စွဲပြန်ပါတယ်။ ကျွန်မဆွေးနွေးချက်ဟာ ပို့စ်ဆိုလိုရင်းနဲ့ လွဲချော်နေကြောင်း၊ သမ္မာဒေ၀ နတ်တွေကို လူတွေက နတ်လို့တောင် သတ်မှတ်ရဲ့လားလို့ ပြောပြီး၊ နတ်တွေရုပ်ဆိုးတာဟာလည်း ကျမ်းဂန်များမှာ အသေချာပါကြောင်း ပြန်ရေးခဲ့ပါတယ်။
ဒါနဲ့ ကျွန်မလည်း ဒေါသတကြီးရှင်းတာမဟုတ်ကြောင်း၊ သမ္မာဒေ၀နတ်တွေကို လူတွေက နတ်လို့ သတ်မှတ်လားဆိုတဲ့ အရေးကို နားမလည်ကြောင်း၊ နတ်ရဲ့ ရုပ်ပုံနဲ့ ပတ်သက်ပြီး ကျမကတော့ လှတယ်လို့သာ မှတ်ယူကြောင်း၊ ဗုဒ္ဓအဘိဓမ္မာ ဘုံပိုင်းမှာ နတ်ပြည် ၆ ထပ် အကြောင်း လေ့လာဖူးကြောင်း၊ ဆရာတော်တွေဟောတဲ့ တရားတွေနာဖူးကြောင်း ပြောတော့

ကိုဇော်က ကျမ်းဂန်ကို မြတ်နိုးပေမဲ့ လိုက်နာမကျင့်သုံးဘူး ဆိုပြန်တယ်။ သမ္မာဒေ၀ …. အစရှိတဲ့ စကားဟာ လူတွေက ကိုယ်စောင့်နတ်ကို တနေ့တခါတောင် မေတ္တာမပို့ပေမဲ့ နတ်အုန်း လိုက်ကာလေး သွားသွားလှန်တာကို ပြောချင်ကြောင်း၊ နတ်တွေရုပ်ဆိုးတာ အခိုင်အမာရေးထားတဲ့ ကျမ်းတွေလဲရှိကြောင်း၊ ညွှန်ပြဖို့ တချို့ကျမ်းတွေ လက်လှမ်းမမီလို့ တအုပ်တော့ဖြင့် ညွှန်ပြလိုက်ကြောင်း ဆိုပြီး တာရာမင်းဝေရဲ့ ---- ၁၀၀၁ ဆိုတဲ့ စာအုပ်ကို ညွှန်းတယ်။

ကျွန်မ ပြန်ပြောခဲ့တာက နတ်တွေအကြောင်း ကျမ စိတ်မ၀င်စားသလို မကိုးကွယ်ဘူး နတ်အမျိုးပေါင်းလဲ မသိဘူး၊ ဒါပေမဲ့ မစော်ကားကြောင်း မေတ္တာပို့ကြောင်းပြောတယ်။ လူတိုင်းဟာ ကိုယ့်ယုံကြည်မှု ကိုးကွယ်မှုနဲ့ ကိုယ်မို့ နတ်ကိုးကွယ်သူတွေကိုလည်း ဘာမှမပြောလိုဘူးလို့ ရေးခဲ့တယ်။ သူညွှန်ပြတဲ့ စာအုပ်နဲ့ပတ်သက်လို့တော့ ကျွန်မအနေနဲ့ ကိလေသာကင်းသူ၊ ကိလေသာ ကင်းအောင် ကြိုးစားနေသူတွေရဲ့ ကျမ်းကိုသာ လေ့လာလိုပါကြောင်းပြောပြီး သူ့ရဲ့ ကွန်မန့်ထဲမှာ သူရဲ့ လွဲမှားချက်တွေကို ထောက်ပြခဲ့တယ်။

ဒီနောက်မှာတော့ ကျမကို အယူမှား မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြန်တယ်။ ကျွန်မကို ပို့စ်တပုဒ်ရေး သူလာဖတ်မယ်လို့လည်း ပြောပါသေးတယ်။ ကျွန်မလည်း မိစ္ဆာဒိဋ္ဌိမဟုတ်ကြောင်း ဘာကြောင့် အဲဒီလို ပြောရတာလဲ ကျွန်မရေးတဲ့အချက်တွေဟာ မိစ္ဆာဒိဋ္ဌိလို့ ဆိုနိုင်တဲ့ အချက်ကို ထောက်ပြပါ၊ အဘိဓမ္မာနေ့နဲ့ ဗုဒ္ဓနေ့တောင် ခွဲခြားအောင် မသိတဲ့လူက အခုလိုပြောတော့ ရယ်ရတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ ကျွန်မက စာဖတ်သူ ဆွေးနွေးသူသာ ဖြစ်တယ် စာရေးသူမဟုတ်ဘူးလို့ ပြောခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မ ကွန်မန့်တွေ အားလုံးဖျက်ပစ်တယ်၊ ကွန်မန့်ကို မော်ဒရိတ်လုပ်ပြီး ခုလိုတုန့်ပြန်လိုက်တာပါပဲ။

မန့်ထားတာကိုတော့ ကျနော်ဖျက်တယ်ဗျ။ဘာလို့လဲ ဆိုတော့ ခင်ဗျားက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား။ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တာ ရေးတဲ့ နေရာတွေမှာ ဒီလိုပဲ လိုက်ပြီး သူများတွေ အမြင်မှားအောင် ရေးနေလားလို့ တွေးလိုက်မိလို့ပါပဲ။နောက်ထပ် ထပ်မန့်လာရင်လည်း ဖျက်ဖို့ အဆင်သင့်ပါ။သူများ ဘာသာကို ကျနော် မပြောဘူး။ ကိုယ့်ဘာသာအကြောင်းပဲ ကိုယ်ပြောတာပါ

အဲဒီလို ဆိုးဝါးစွာ လီဆယ်ပြောပြီး ကျမရေးသမျှ ကွန်မန့်တွေအားလုံးကို ဖျက်ပစ်လိုက်တာပါပဲ။ ဘလော့ရေးသူများရှင်။
ကျွန်မ ဘယ်ဘာသာကိုမှ မစော်ကားသလို ဘာကို ကိုးကွယ်သူကိုမှ မပုတ်ခတ်ပါဘူး။ သူဆီမှာ ၀င်ဆွေးနွေးဖြစ်တာကလည်း သူရေးထားတဲ့

“မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ www.zaw357.net ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”အဲဒီစာသားကြောင့်ပါ။

သူ့တုန့်ပြန်မှုကို အရမ်းအံ့သြပြီး အထင်လည်း သေးမိပါတယ်။ ကိုယ့်ဘလော့ပဲ ကိုယ်လုပ်ချင်သလို လုပ်မယ်လို့ ဖြစ်သင့်ပါသလား။ ကူလီကူမာနဲ့ လိမ်ညာလီဆယ်တဲ့ ဒီလိုဘလော့ဂါမျိုးကို ကျန်တဲ့ ဘလော့ရေးသူများ ၀ိုင်းဝန်း တားဆီးပေးစေချင်ပါတယ်။ ကျွန်မတို့လို စာသီးသန့်ပဲ ဖတ်ပြီး ကိုယ့်အမြင်လေးတွေ လိုက်ဆွေးနွေးတင်ပြတဲ့ စာဖတ်သူ သက်သက်တွေအတွက် အင်မတန် နစ်နာပါတယ်။ လူများအထင်လွဲ အမြင်လွဲအောင် အခုလို သိက္ခာချ ရေးသားတာကို အားလုံး ၀ိုင်းဝန်းဖော်ထုတ်ပေးစေလိုပါတယ်ရှင့်။ ကျွန်မရဲ့ ကွန်မန့်တွေ အားလုံးကို ပြန်တင်ပေးစေချင်ပါတယ်။ ဘလော့ရေးသူများအားလုံးနဲ့ ကျန်စာဖတ်သူများ ဝေဖန်စိစစ်ပေးပါ။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ဆုံးဖြတ်ပေးစေချင်ပါတယ်။ သူ့ကြောင့်မို့လို့ ကျွန်မ စာဖတ်သူဘ၀ကနေ ဘလော့တခု ဖွင့်ပြီး ခုလို ရေးဖြစ်တာပါပဲ။ ဘလော့ဂါများနဲ့ စာဖတ်သူများအကြား တရားမျှတမှု ရှိလိုပါတယ်။

ကျေးဇူးတင်စွာဖြင့်
ခင်ခင်