Saturday 29 May 2010
ဘလော့ဂါများသို့ ဖွင့်ဟခြင်း
ဘလော့ရေးသူ အစ်ကို အစ်မ မောင် ညီမများရှင် ...
ကျွန်မက ဘလော့ရေးသူမဟုတ်ပေမယ့် ဘလော့တွေကို စိတ်ဝင်တစား လိုက်ဖတ်ပါတယ်။ ကိုယ်ဆွေးနွေးချင်ရင် မှတ်ချက်တွေမှာ ၀င်ရောက်ဆွေးနွေးပါတယ်။ ကျွန်မ မှတ်မိသလောက် ကိုမြစ်ကျိုးအင်းဘလော့၊ ကိုညီလင်းဆက်ဘလော့တို့မှာ ကျွန်မ အမြင်တွေကို မှတ်ချက်လေးတွေထဲ ရေးခဲ့ပါတယ်။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုဇော် ဆိုသူရဲ့ ဘလော့ကို တခြားဘလော့ကတဆင့် ရောက်သွားခဲ့ရာမှာ ကျွန်မ ကြုံခဲ့ရတာလေးကို ပြောပြချင်လို့ပါ။
ကျွန်မဖတ်နေကျ ဘလော့တခုရဲ့ ဆိုက်ဒ်ဘားမှာ ကိုဇော်ဆိုသူရဲ့ http://www.zaw357.net/2010/05/blog-post_28.html အဲဒီပို့စ်အသစ်က ရှေ့ပိုင်းစာလုံးတွေကို ဖတ်လိုက်ရလို့ သူ့ဘလော့ကို ရောက်သွားတာပါ။
သူက ရေးထားတာ “ဒီနေ့ ဒီမှာတော့ wesak day လို့ ခေါ်တဲ့ အဘိဓမ္မာနေ့ပါ” လို့ ရေးထားတယ်။ အဲဒါဖတ်ပြီး လွဲနေသလို ခံစားရလို့ ကွန်မန့်သွားရေးခဲ့တယ်။
နံပါတ်၁ ကွန်မန့်မှာမြန်မာပြည်မှာ သတ်မှတ်တာကတော့ မေ-၂၇ က နယုန်လပြည့်ဖြစ်ကြောင်း၊ ဧပြီ ၂၇-က ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ကြောင်း။ အဘိဓမ္မာနေ့က သီတင်းကျွတ်လပြည့်နေ့ဖြစ်ကြောင်း၊ ဗုဒ္ဓနေ့နဲ့ အဘိဓမ္မာနေ့ မတူကြောင်း ခပ်တိုတို ပြောပြခဲ့တယ်။ ဒါပေမဲ့ ကိုဇော်နေတဲ့ နိုင်ငံမှာ အဲဒီလို သတ်မှတ်သလား (ကျွန်မ တကယ်မသိလို့) မေးခဲ့တယ်။
အဲဒီတော့ ကိုဇော်က သမိုင်းအချက်အလက် အားနည်းပါတယ်လို့ ၀န်ခံပြီး အဘိဓမ္မာနေ့လို့ သူမှားယွင်းသုံးတာကို ဖျက်ခဲ့တယ်။ ပို့စ်ရဲ့ ဆိုလိုရင်းကိုသာ ဆွေးနွေးပါ ဘာမဟုတ်ာလေးနဲ့ မငြင်းချင်ဘူးဆိုလို့ ကျမရဲ့ နံပါတ် ၂ ကွန်မန့်မှာ ပို့စ်ရဲ့ ဆိုလိုရင်းဆီ ပြန်သွားဆွေးနွေးခဲ့တယ်။ အဲဒီကွန်မန့်မှာတော့ လူရဲ့ ခံစားမှု မှတ်သားမှုဟာ နှလုံးမှာရှိတဲ့ ဟဒယ၀တ္ထုမှာ တည်ကြောင်း၊ ဦးနှောက်က တဆင့်မှတ်သားခြင်းသာ ဖြစ်ကြောင်း သည်းခြေ gallbladder ကတော့ ဘယ်လို လုပ်ဆောင်ကြောင်း ပြောပြခဲ့တယ်။ ကျွန်မ ဆွေးနွေးမှုဟာ ဘာသာရေးကို အခြေခံတာ ဖြစ်ပြီး ကိုဇော်ရေးသားမှုဟာ စိတ်ပညာကို အခြေခံတာမို့ မတူညီတာလို့လည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ နောက်ပြီး အောက်နတ်တွေကတော့ မလှဘူး။ ကြောက်စရာပေါ့။ အထက်နတ်တွေကတော့ လှတယ်လို့ ဖတ်ခဲ့ နာခဲ့ဖူးကြောင်းလည်း ထည့်ရေးခဲ့တယ်။
အဲဒီလို ရေးတာကို ကိုဇော်က ဒေါသတကြီးရေးတယ်လို့ စွပ်စွဲပြန်ပါတယ်။ ကျွန်မဆွေးနွေးချက်ဟာ ပို့စ်ဆိုလိုရင်းနဲ့ လွဲချော်နေကြောင်း၊ သမ္မာဒေ၀ နတ်တွေကို လူတွေက နတ်လို့တောင် သတ်မှတ်ရဲ့လားလို့ ပြောပြီး၊ နတ်တွေရုပ်ဆိုးတာဟာလည်း ကျမ်းဂန်များမှာ အသေချာပါကြောင်း ပြန်ရေးခဲ့ပါတယ်။
ဒါနဲ့ ကျွန်မလည်း ဒေါသတကြီးရှင်းတာမဟုတ်ကြောင်း၊ သမ္မာဒေ၀နတ်တွေကို လူတွေက နတ်လို့ သတ်မှတ်လားဆိုတဲ့ အရေးကို နားမလည်ကြောင်း၊ နတ်ရဲ့ ရုပ်ပုံနဲ့ ပတ်သက်ပြီး ကျမကတော့ လှတယ်လို့သာ မှတ်ယူကြောင်း၊ ဗုဒ္ဓအဘိဓမ္မာ ဘုံပိုင်းမှာ နတ်ပြည် ၆ ထပ် အကြောင်း လေ့လာဖူးကြောင်း၊ ဆရာတော်တွေဟောတဲ့ တရားတွေနာဖူးကြောင်း ပြောတော့
ကိုဇော်က ကျမ်းဂန်ကို မြတ်နိုးပေမဲ့ လိုက်နာမကျင့်သုံးဘူး ဆိုပြန်တယ်။ သမ္မာဒေ၀ …. အစရှိတဲ့ စကားဟာ လူတွေက ကိုယ်စောင့်နတ်ကို တနေ့တခါတောင် မေတ္တာမပို့ပေမဲ့ နတ်အုန်း လိုက်ကာလေး သွားသွားလှန်တာကို ပြောချင်ကြောင်း၊ နတ်တွေရုပ်ဆိုးတာ အခိုင်အမာရေးထားတဲ့ ကျမ်းတွေလဲရှိကြောင်း၊ ညွှန်ပြဖို့ တချို့ကျမ်းတွေ လက်လှမ်းမမီလို့ တအုပ်တော့ဖြင့် ညွှန်ပြလိုက်ကြောင်း ဆိုပြီး တာရာမင်းဝေရဲ့ ---- ၁၀၀၁ ဆိုတဲ့ စာအုပ်ကို ညွှန်းတယ်။
ကျွန်မ ပြန်ပြောခဲ့တာက နတ်တွေအကြောင်း ကျမ စိတ်မ၀င်စားသလို မကိုးကွယ်ဘူး နတ်အမျိုးပေါင်းလဲ မသိဘူး၊ ဒါပေမဲ့ မစော်ကားကြောင်း မေတ္တာပို့ကြောင်းပြောတယ်။ လူတိုင်းဟာ ကိုယ့်ယုံကြည်မှု ကိုးကွယ်မှုနဲ့ ကိုယ်မို့ နတ်ကိုးကွယ်သူတွေကိုလည်း ဘာမှမပြောလိုဘူးလို့ ရေးခဲ့တယ်။ သူညွှန်ပြတဲ့ စာအုပ်နဲ့ပတ်သက်လို့တော့ ကျွန်မအနေနဲ့ ကိလေသာကင်းသူ၊ ကိလေသာ ကင်းအောင် ကြိုးစားနေသူတွေရဲ့ ကျမ်းကိုသာ လေ့လာလိုပါကြောင်းပြောပြီး သူ့ရဲ့ ကွန်မန့်ထဲမှာ သူရဲ့ လွဲမှားချက်တွေကို ထောက်ပြခဲ့တယ်။
ဒီနောက်မှာတော့ ကျမကို အယူမှား မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြန်တယ်။ ကျွန်မကို ပို့စ်တပုဒ်ရေး သူလာဖတ်မယ်လို့လည်း ပြောပါသေးတယ်။ ကျွန်မလည်း မိစ္ဆာဒိဋ္ဌိမဟုတ်ကြောင်း ဘာကြောင့် အဲဒီလို ပြောရတာလဲ ကျွန်မရေးတဲ့အချက်တွေဟာ မိစ္ဆာဒိဋ္ဌိလို့ ဆိုနိုင်တဲ့ အချက်ကို ထောက်ပြပါ၊ အဘိဓမ္မာနေ့နဲ့ ဗုဒ္ဓနေ့တောင် ခွဲခြားအောင် မသိတဲ့လူက အခုလိုပြောတော့ ရယ်ရတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ ကျွန်မက စာဖတ်သူ ဆွေးနွေးသူသာ ဖြစ်တယ် စာရေးသူမဟုတ်ဘူးလို့ ပြောခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မ ကွန်မန့်တွေ အားလုံးဖျက်ပစ်တယ်၊ ကွန်မန့်ကို မော်ဒရိတ်လုပ်ပြီး ခုလိုတုန့်ပြန်လိုက်တာပါပဲ။
မန့်ထားတာကိုတော့ ကျနော်ဖျက်တယ်ဗျ။ဘာလို့လဲ ဆိုတော့ ခင်ဗျားက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လား။ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တာ ရေးတဲ့ နေရာတွေမှာ ဒီလိုပဲ လိုက်ပြီး သူများတွေ အမြင်မှားအောင် ရေးနေလားလို့ တွေးလိုက်မိလို့ပါပဲ။နောက်ထပ် ထပ်မန့်လာရင်လည်း ဖျက်ဖို့ အဆင်သင့်ပါ။သူများ ဘာသာကို ကျနော် မပြောဘူး။ ကိုယ့်ဘာသာအကြောင်းပဲ ကိုယ်ပြောတာပါ
အဲဒီလို ဆိုးဝါးစွာ လီဆယ်ပြောပြီး ကျမရေးသမျှ ကွန်မန့်တွေအားလုံးကို ဖျက်ပစ်လိုက်တာပါပဲ။ ဘလော့ရေးသူများရှင်။
ကျွန်မ ဘယ်ဘာသာကိုမှ မစော်ကားသလို ဘာကို ကိုးကွယ်သူကိုမှ မပုတ်ခတ်ပါဘူး။ သူဆီမှာ ၀င်ဆွေးနွေးဖြစ်တာကလည်း သူရေးထားတဲ့
“မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ www.zaw357.net ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”အဲဒီစာသားကြောင့်ပါ။
သူ့တုန့်ပြန်မှုကို အရမ်းအံ့သြပြီး အထင်လည်း သေးမိပါတယ်။ ကိုယ့်ဘလော့ပဲ ကိုယ်လုပ်ချင်သလို လုပ်မယ်လို့ ဖြစ်သင့်ပါသလား။ ကူလီကူမာနဲ့ လိမ်ညာလီဆယ်တဲ့ ဒီလိုဘလော့ဂါမျိုးကို ကျန်တဲ့ ဘလော့ရေးသူများ ၀ိုင်းဝန်း တားဆီးပေးစေချင်ပါတယ်။ ကျွန်မတို့လို စာသီးသန့်ပဲ ဖတ်ပြီး ကိုယ့်အမြင်လေးတွေ လိုက်ဆွေးနွေးတင်ပြတဲ့ စာဖတ်သူ သက်သက်တွေအတွက် အင်မတန် နစ်နာပါတယ်။ လူများအထင်လွဲ အမြင်လွဲအောင် အခုလို သိက္ခာချ ရေးသားတာကို အားလုံး ၀ိုင်းဝန်းဖော်ထုတ်ပေးစေလိုပါတယ်ရှင့်။ ကျွန်မရဲ့ ကွန်မန့်တွေ အားလုံးကို ပြန်တင်ပေးစေချင်ပါတယ်။ ဘလော့ရေးသူများအားလုံးနဲ့ ကျန်စာဖတ်သူများ ဝေဖန်စိစစ်ပေးပါ။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ဆုံးဖြတ်ပေးစေချင်ပါတယ်။ သူ့ကြောင့်မို့လို့ ကျွန်မ စာဖတ်သူဘ၀ကနေ ဘလော့တခု ဖွင့်ပြီး ခုလို ရေးဖြစ်တာပါပဲ။ ဘလော့ဂါများနဲ့ စာဖတ်သူများအကြား တရားမျှတမှု ရှိလိုပါတယ်။
ကျေးဇူးတင်စွာဖြင့်
ခင်ခင်
20 comments:
  1. မခင်ခင်ရေ ကျွန်တော်စာလာဖတ်ပါတယ်ခင်ဗျာ..
    အောင်မြင်တဲ့ဘလော့ဂါဖြစ်ပါစေလို့ ဆုတောင်းပါတယ်...
    ခင်လျက်
    ကိုကိုးအိမ်
    ReplyDelete
  2. မခင်ခင်သူ
    ကျနော်လည်း မနက်က ကိုဇော် စီမှာ မန့် ခဲ့ပါသေး တယ်.. ကျနော် ဗုဒ္ဓ ဘာသာဝင် တယောက် ဖြစ်ပေမဲ့ ဗုဒ္ဓ စာတွေ အဖတ်နဲ တဲ့ အတွက် စာနဲ့ ပါတ်သက် တာတွေ ဘာမှ မမန့်ခဲ့ ပါဘူး
    ဒါပေမဲ့ အဲဒီ comment တောင် အခုထိ တက်မလာသေးပါဘူး
    သူများ မအားသေးလို့ လား မသိပါဘူး
    ကျနော် ခိုင်မာစွာ မသိတဲ့ အကြောင်းတွေ ဖြစ်နေတဲ့ အတွက် ဝင်ရောက် မဆွေးနွေးလိုပါဘူး
    ဒါပေမဲ့ comment တွေ အားလုံးကို တော့ ဘာဘဲဖြစ်ဖြစ် တင်ပေးသင့်တယ် လို့လည်း ယူဆပါတယ်..
    ဒါမှ အားလုံး ဝိုင်းဝန်း ဆွေးနွေး နိုင်ကြမှာပါ.. တတ်သိနားလည် သူတွေ ဝင်ရောက် ဆွေးနွေးကြရင် ပိုကောင်းမှာပါ..
    အားလုံးအား လေးစားစွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  3. ခင်ခင်နဲ့ ကိုဇော်
    ၂ယောက်လုံး Buddhist တွေဖြစ်ပြီး ၂ယောက်လုံးဟာ ဘာသာတရားရဲ့ မွန်မြတ်မှုကို တင်ပြချင်သူတွေဖြစ်ရဲ့ သားနဲ့  ၂ယောက်လုံး ခုလို စိတ်မကောင်းဖြစ်ကြရတာ တကယ့်ကို ၀မ်းနည်းမိပါတယ်
    ခင်ခင်ပြထားတဲ့  မူရင်းပို့ စ်ကို ဖတ်လိုက်မိတဲ့ အခါ နားလည်မိတာက ကိုဇော်ရဲ့  ပို့ စ်ရည်ရွယ်ချက်ဟာ symbolism ကိုသာပြောလိုရင်းလို့  နားလည်ပါတယ် ။
    သူပြောချင်တဲ့  symbolism (တခြားဘာသာတွေက ရုပ်ဆိုးတဲ့  symbol ကိုသုံးတယ်။ ကိုယ်တို့ က ကြည်ညိုဖွယ်ရာမြတ်ဘုရားရဲ့  ရုပ်ပွားတော်ကို သုံးတယ်) ကိုဘဲ လက်ခံလိုက်ရင် အငြင်းထွက်စရာမရှိလို့ မြင်မိပါတယ်။
    ခင်ခင်နဲ့  စအငြင်းပွားရတဲ့  အချက် ၂ချက် ဖြစ်တဲ့  ဟဒယ၀တ္ထု နဲ့ နတ်တွေရဲ့  အဆင်းကျတော့ အမှန်အမှားဆုံးဖြတ်ရခက်တာပါ။
    ကဲပါလေ ။ ဒီလိုပြန်မြင်ကြည့်ရအောင်
    ReplyDelete
  4. နတ်ကိစ္စ
    သူ့ ကိုအငြင်းပွားရတာတော့ မကောင်းဘူးလို့ မြင်မိတယ်
    ဒီနေရာမှာတော့ စကားလုံးတွေနဲ့  ရှုပ်နေတာလို့ မြင်မိပါတယ်
    ဗမာစကားမှာ နတ်ဆိုတာက တော်တော်ခက်တာဘဲ
    နတ်ဝေါဟာရကို ခွဲကြည့်ရင်
    အပါယ်ဘုံသား ပြိတ္တာဖြစ်တဲ့  ဝေမာနိကပြိတ္တာတွေ
    စတုမဟာရာဇ်ခေါ်တဲ့  နတ်မင်းကြီး ၄ပါးကို စောင့်အပ်သော ဂုမ္ဘမ် ယက္ခိုက် နဂါးတွေနဲ့ 
    တာဝတိံသာကစလို့ အထက်နတ်တွေလို့  ခွဲရမှာဘဲ
    ဒီနေရာမှာ နတ်တွေ ရုပ်ဆိုးတယ်လို့ လုံးပြောရင်လဲ မမှန် ။ နတ်တိုင်းလှတယ်လို့ ပြောလဲ အလွဲ ဖြစ်နေပါတယ်
    တာဝတိံသာကစလို့ အထက်နတ်တွေက လှကြ စည်းစိမ်ကြီးကြသော်လည်း
    ဝေမာနိကတွေ နဲ့  စတုမဟာရာဇ်အနွယ် နတ်ဘီလူတွေကျ လှတယ်လို့ မဆိုနိုင်ပါ
    ခင်ခင် သိချင်တဲ့  အထောက်အထားတွေက
    ၁)ကျော်စွာနတ်ခေါ်တဲ့  ဝေမာနိကပြိတ္တာကို မြင်တဲ့  လူ့ ဘ၀က အမ်ေမိဘုရားဟာ လန့် သေပြီးသူလဲ နတ်ဖြစ်တယ်တဲ့  ( sir richard temple 37 nats )
    2)အာဠာဝကချွတ်ခန်း
    ၃) http://www.paramis.org/c/c.html
    ကဲအဲတော့ သေချာပေါက်လှတဲ့  တာဝတိံသာကအနေအထက်နတ်တွေ ရှိတယ် လှတာမလှတာရောနေတဲ့  စတုမဟာရာဇ်အ၀င် နတ်တွေလဲ ရှိတယ် ။ နောက်ဝေမာနိကပြိတ္တာကို နတ်လို့ ခေါ်ထားတဲ့  ဟာတွေလဲ ရှိတယ်လေ
    ReplyDelete
  5. အဲတော့ ကိုဇော်ရောခင်ခင်ပါ ကိုယ့်ရှုဒေါင့်ကတော့ကိုမှန်နေတာဘဲ ။ ဒါပေမဲ့  ပြန်ချုပ်သော ၂ယောက်လုံးဟာ ကို့ အထွာနဲ့  ကိုဘာသာရေးကို လေးစားတဲ့ သူတွေပါဘဲ
    မတူညီတာတွေ ငြင်းခုံရတာတွေကို မေ့လိုက်ကြပြီး တူညီတဲ့  ဘာသာတရားလေးစားမှုပေါ်လက်တွဲလုပ်ကြတာပေါ့
    တခါတခါမှာ ကောင်းမြတ်တဲ့ ကုသိုလ်စိတ်နဲ့  ဘာသာရေးဆွေးနွေးမိရာကနေ ပုထုစဉ်တွေပီပီ ငါဆိုတဲ့  အတ္တမာနနဲ့  ဒေါသလွှမ်းလာပြီး တဘက်နဲ့ တဘက်စိတ်အခန့် မသင့်ဖြစ်တတ်ပါတယ် ။ အဲဒါကို မကြီးခင် ဖျောက်ပြီး ရည်ရွယ်ချက်တူသူတွေဖြစ်နေတာကို သတိရကြပါဗျာ
    ReplyDelete
  6. ညီမ ခင်ခင်ရေ...ဗုဒ္ဓမြတ်စွာ ဖွားမြင်တဲ့နေ့၊ ပရိနိဗ္ဗာန် စံတဲ့နေ့ ကို ဗုဒ္ဓနေ့ အဖြစ် မှတ်သားဖူးပါတယ်။ အထက်နတ်ဖြစ်တဲ့ နတ်ပြည် ၆ထပ်က နတ်တွေဟာ သူတို့ ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုကြောင့် စုတိစိတ်မကျခင် အချိန်ထိ ၁၆နှစ် သားသမီးအရွယ်ရှိပြီး အလွန်ချောမောလှပကြောင်း၊ သူတို့ပြုခဲ့ဖူးသော ကံကြောင့် ဥပပဝတ္တိ လို့ခေါ်တဲ့ ဘွားကနဲ ဖြစ်တည်မှုနဲ့ သူတို့ နတ်သက်ရှိသလောက် စံစားပြီး မှ ရှေ့ဘဝတွေ ဆက်ဖြစ်ကြတယ်။ အဲဒီမှာ စတုမဟာရာဇ်လို့ ခေါ်တဲ့ အောက်ဆုံးထပ်နတ်ပြည်က နတ်မွဲတွေ ဆိုရမှာပေါ့နော်...သူတို့တွေနဲ့ လူတွေ ရိုးရာကိုးကွယ်မှုနဲ့ ယုံကြည်ပသမှုတွေလုပ်နေကြတဲ့ နတ်တွေ ဆက်စပ်နေကောင်း ဆက်စပ်နေလိမ့်မယ်။ စတုမဟာရာဇ်ရဲ့ နတ်သက် တရက်ဟာ လူ့သက် အနှစ် ၅၀ ရှိတာကြောင့် သူတို့ဟာ ခုထိ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ၃၁ဘုံမှာ ကျင်လည်နေသမျှ ကာလပတ်လုံး ဘယ်ချမ်းသာကမှ ချမ်းသာအစစ်မဟုတ်တဲ့အတွက် ၃၁ဘုံသားအချင်းချင်း ဒုက္ခသည်အချင်းချင်း ကိုးကွယ်နေတာက စဉ်းစားစရာပါပဲ။ လောကကိုစောင့်ရှောက်တဲ့ လောကပါလနတ်ကြီး၎ပါး၊ ကိုယ်စောင့်နတ် စတာတွေဟာ မေတ္တာပို့စရာသာဖြစ်ပြီး ကိုးကွယ်ရာအစစ်က ဘုရားမှတပါး အခြားမရှိတာ မိရိုးဖလာမဟုတ်တဲ့ ဗုဒ္ဓဘာသာဝင် စစ်စစ်တိုင်း သိကြပါလိမ့်မယ်။ အမ သိသလောက်က အသိစိတ်ဟာ ဟဒယ ရုပ်ဝတ္ထုမှာ တည်တယ် သွေးကတဆင့် ပြန့်နှံ့တယ်။ အကြည်ဓါတ် ၆ပါးနဲ့ အာရုံ တိုက်ဆိုင်တိုင်းဖြစ်လာတဲ့ ဖဿ လို့ခေါ်တဲ့ အပွင့်ဓါတ်ဟာ ဝေဒနာဖြစ်ပြီး ခံစားမှုကို ဆုံးဖြတ်ပေးတဲ့ အဆင့်ဆင့် အဘိဓမ္မာနည်းနဲ့ ပြောရရင်၊ ဆုံးဖြတ်၊ အတည်ပြု ပြီးမှ ဇောတွေ အထိ ၊ လိုလောဘ၊ မလိုဒေါသ ဆိုတဲ့ ကိလေသာစိတ်တွေဖြစ်တဲ့အထိ ဆိုပါတော့။ ဒါ့ကြောင့် သိပံ္ပပညာအမြင်နဲ့ ဦးနှောက်၊ နှလုံးသား၊ သည်းခြေ ဆိုတာတွေရဲ့ အလုပ်ကိုတော့ ထည့်ရေးထားတာ မဖတ်မှတ်မိပါ။ မောင်ဇော်ကလည်း ဘယ်လို အမြင်နဲ့ ဘာရှုထောင့်ကရေးတယ် ဆိုတာ ထည့်တွက်ရမှာပါ။ အမအနေနဲ့ကတော့ အားလုံးဟာ ရေးဖော် မောင်နှမတွေလို ဖြစ်နေတာမို့ ဘယ်သူမှား ဘယ်သူမှန် ဆိုတာထက် ရေးကြတဲ့ စာတွေအပေါ်မှာ ဖတ်သူတွေအနေနဲ့ မှန်ကန်တဲ့ အသိတခုခု ရသွားစေချင်တာပါပဲ....ဘာပဲဖြစ်ဖြစ် အချိန်ရရင် စာတွေဆက်ရေးဖို့ ကြိုးစားစေချင်ပါတယ်...။ အမ မှားတာရှိရင်လည်း ပြောပြပါအုံးလေ....
    ReplyDelete
  7. အပေါ်က တင့်ရေးထားတာလေးဖတ်ပြီး ဖြည့်ချင်တာလေးရှိလာလို့၊ အောက်ဘုံက နတ်တွေရဲ့ အဆင်းက မလှပကြဘူး ဥပမာ နတ်ပြိတ္တာတို့ ဘာတို့ပေါ့။ ဟုတ်တယ် သိပ္ပံပညာနဲ့ ညှိမရတာတွေရှိနေတာပါပဲ။ သို့သော် တို့ကလည်း ဘုရားကိုပဲ၊ ဘုရားစကားကိုပဲ ယုံကြည်တာမို့....။ ဆရာတော်ကြီးတွေဆီ ကြုံရင် မေးလျှောက်ကြည့်ပါအုံးမယ်...
    ReplyDelete
  8. အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်။
    ကျွန်မအဓိက ပြောချင်တာကတော့ ကျွန်မရေးတဲ့ ကွန်မန့်တွေထဲမှာ သူစွပ်စွဲသလို သူများဘာသာကို စော်ကားပုတ်ခတ်တာ မပါပါဘူး။ ကျွန်မအမြင်ကို ရိုးသားစွာ တင်ပြတာပဲ ရှိပါတယ်။ အဲဒါကို သူက အခုလို စွပ်စွဲပြီး ကွန်မန့်တွေ အကုန်ဖျက်ပစ်လို့ ကျွန်မ အံ့သြမိတာပါ။ လူတွေအမြင်မှာ ကျွန်မက တခြားဘာသာကို စော်ကားလို့ သူက ဖျက်ရသလိုလို လုပ်ကြံ လီဆယ်တာ မခံနိုင်လို့ပါ။ ကျွန်မသဘောကတော့ ကျွန်မရေးခဲ့တဲ့ ကွန်မန့်တွေကို အားလုံးမြင်ရအောင် ပြန်တင်စေချင်တာပါပဲ။ ကျွန်မရေးတဲ့ထဲမှာ မှားတာရှိခဲ့ရင်လည်း ကျွန်မ တာဝန်ယူပါတယ်။ သူရေးတာ မှားရင်လဲ သူတာဝန်ယူသင့်ပါတယ်။ ကျွန်မ ဒီဘလော့ကို ရေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က အဲဒါပါပဲရှင်။
    ReplyDelete
  9. Wesak day ကို Vesak day ရယ်လို့ ဘယ်လိုများ ပြောင်းပေးရမှာလဲဗျ။ ဒီနေရာ ဒေသက အခေါ်အဝေါ် Wesak day ပါ ဆိုနေမှ :P
    http://www.google.com.my/#hl=en&q=Wesak+day+&aq=f&aqi=g-s1g7&aql=&oq=&gs_rfai=&fp=5bf91af88ed98ad6
    ကျနော်က မငြင်းတတ်ပါဘူး။
    ဝမ်းသာပါတယ်။
    ဆက်လက် အောင်မြင်ပါစေ။
    ReplyDelete
  10. ကိုဇော်ကျွန်မပြောတာ ရှင်းရှင်းလေးပါ။
    အဲဒီစကားလုံးကို ကျွန်မရည်ရွယ်ပြောနေတာ မဟုတ်ဘူး။
    ကျွန်မလည်း မသိဘူး။
    ကျွန်မဖြစ်စေချင်တာက ကိုဇော်ရဲ့ နောက်ဆုံးကွန်မန့်အရ ကျွန်မဟာ တခြားဘာသာကို ပုတ်ခတ်သလို ဖြစ်နေတယ်။ အဲဒါကိုပြန်ဖြေရှင်းတဲ့အနေနဲ့ ကျွန်မရေးတဲ့ ကွန်မန့်တိုင်းက ပြန်တင်ပေးပါ။
    ဒါမှ စာဖတ်သူတွေက သိနိုင်မယ်။ ခုလို ပြောနေတာ အမှန်တရားနဲ့ ဂုဏ်သိက္ခာအတွက်ပါ။
    စာကို ဖတ်ပြီး နားလည် သဘောပေါက် နိုင်ပါစေ။
    ReplyDelete
  11. အဘိဓမ္မာနေ့ လို့ ဖတ်လိုက်ရတုန်းကတော့ သီတင်းကျွတ်လည်း မနီးသေးတော့ .. တစ်မျိုးပဲ ဘာနေ့ပါလိမ့် လို့ စိတ်ထဲထင်မိသေးတယ်..
    အောက်က အကြောင်းအရာတွေတော့ ဘာမှ ပြောစရာ မရှိတာနဲ့ မပြောဖြစ်ခဲ့ဘူး.. (သေချာတောင် မဖတ်ဖြစ်ခဲ့ဘူး.. ခုမှ ပြန်ဖတ်ရတယ် :D)
    မှန်ကို ဟိုဘက် ဒီဘက်က ကြည့်ကြသလို အမြင်မတူ ဖြစ်နေတာ နေပါလိမ့်မယ်..
    ReplyDelete
  12. မူးဒယ်ကွယ် .......... ကို့လမ်းကိုလျှောက် ကို.သမိုင်းကိုရေး :)_
    ReplyDelete
  13. ဟုတ် လာဖတ်သွားပါတယ်
    ReplyDelete
  14. ဟုတ် လာဖတ်သွားပါတယ်
    ချမ်းမြေ့ပါစေဗျာ။
    ReplyDelete
  15. စိတ်မကောင်းမဖြစ်ပါနဲ့..ခင်ခင်ရေ..ဒီလိုငြင်းရင်းခုန်ရင်းနဲ့ ပြီးသွားတာပါပဲ..
    ဘာသာတရားနဲ့ပတ်သက်လို့ ငြင်းးကြခုံကြတာ ကိုယ်ကစထွင်တာမှမဟုတ်တာ..အရင်ကလဲငြင်းကြ..နောက်လဲငြင်းကြအုန်းမှာပဲ...စာရေးမယ့် ဘလောက်လေးတခု တိုးလာလို့..
    ဝမ်းသာအားရကြိုဆိုပါတယ်ဗျာ
    ReplyDelete
  16. ဒီမှာ မပြောချင်လို့ မနေညကတည်းက ဟိုမှာ သွားသွားဖတ်နေတာ...........
    ခင်ဗျားတို့လို လူတွေ ဘလော့လောကမှာ အများကြီး..............
    သူများတွေကို လျှောက်ပုတ်ခတ်မယ်.............
    ဟိုက ပြန်ပြောရင် ဘလော့တင်ပြီး နာမည်ကောင်းယူမယ် ........နာမည်ကြီးအောင် လုပ်မယ်............
    ဒီမှာ ခင်ဗျားလည်း စလုံးက ကျုပ်လည်း စလုံးကပဲ.......
    ဘယ်မှာနေလဲ ပြော လာတွေ့မယ်............
    သူများကို ခုတုံး မလုပ်နဲ့.........ဒါမျိုးတွေ ဘလော့လောကမှာ ရိုးနေပြီ.....
    ကိုယ့်ဖာသာ ကြိုးစား..........တောင်းပန်လေ ပိုဆိုးလေ ဖြစ်နေပီ ခင်းဗျားက ..........ပြော ကျုပ်လာတွေ့မယ်............
    ReplyDelete
  17. ပြဿနာက စာရေးသူ တောင်းဆိုတဲ့ ကွန်မန့်ကို ပြန်တင်ပေးရင် ရှင်းသွားနိင်မယ်ထင်တယ်။ ကျနော့်ဆီမှာ မန့်ထားတာတွေတော့ မေးလ်ထဲမှာ ကျန်ပါတယ်။
    ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ထားတဲ့ ကွန်မန့်တွေကို ဆိုရင်တော့
    ကျွန်တော်လည်း ဖျက်မှာပါပဲ။ ဒါပေမယ့် သာမာန် ဆွေးနွေးတာကို ဖျက်တာတော့ သဘောမကျတာ အမှန်ပဲ။
    စာဖတ်သူကို လေးစားရမှာပါ။ ကိုယ်နဲ့ အမြင်မတူရင်လည်း လွတ်လပ်စွာ ကွဲလွဲခွင့်ပေးရမှာပါပဲ။ ကိုဇော်နဲ့ ကျွန်တော်က ဘလော့ဂ်ပေါ်မှာရော အွန်လိုင်းမှာပါ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေပါ။ မခင်ခင်ရဲ့ ပို့စ်မှာ ကွန်မန့် ဝင်ရေးရ တာကတော့ ပို့စ်အောက်ဆုံးက စာကြောင့်ပါပဲ။
    (ဘလော့ဂါများနဲ့ စာဖတ်သူများအကြား တရားမျှတမှု ရှိလိုပါတယ်။)
    အများဖတ်ဖို့ လုပ်ထားတဲ့ ဘလော့ဂ်တွေ အနေနဲ့ စာဖတ်သူတွေကို လေးစားမှု ထားရပါမယ်။
    ReplyDelete
  18. Blogger ကိုဇော် said...
    ကိုမိုးရေ. . .
    ဒီနေရာမှာတော့ ကျနော်နဲ့ ကိုမိုးနဲ့ လွတ်လပ်စွာပဲ ကွဲလွဲကြတာပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ ကျနော်က ဝေဖန်ခြင်းကို လူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ် လို့ မယူဆမိဘူး။ ( ကျနော့်အတွက်ပေါ့လေ။ )
    ကျနော်ကတော့ ဝေဖန်မှု ဆိုတာထက် “ လမ်းညွှန်မှု ” ဆိုတာကိုပဲ ပိုပြီး နှစ်သက်တယ်။ အဲ. . ဒီမှာ ဆက်ရေးရင် ရှည်ကုန်လိမ့်မယ်ဗျို့။ ကျနော် ရေးထားပြီးသားတွေ ရှိပါတယ်။
    လွတ်လပ်စွာ ကွဲပြားပြီး ဖတ်ချင်ရင်ပေါ့။
    http://www.zaw357.net/2010/03/blog-post_3193.html
    http://www.zaw357.net/2010/03/blog-post_6488.html
    ခင်မင်စွာဖြင့်
    ကိုဇော်
    မခင်ခင်... အထက်ကကော်မန့်က ဒီပို့စ်မှာ သူပေးသွားတဲ့ ကော်မန့်ပါ။
    http://blogger-mgmoe.blogspot.com/2010/05/blog-post_20.html
    ကျမလဲ အစက သူ့စာဖတ်နေတဲ့ ပရိတ်သတ်ပါပဲ။
    တလောက ကျမ သူ့ရဲ့စာမှာ ကော်မန့်တခုကို သူတုံ့ပြန်ထားတာတွေ့ပီးထဲက ဒီလူရဲ့ စိတ်ကို သဘောပေါက်သွားပီး သူ့စာကို သွားမဖတ်တော့ပါဘူး။
    မခင်ခင်လဲ သွားဖတ်မနေပါနဲ့။ ရေးတဲ့စာနဲ့ စိတ်ဓာတ်ကတော့ ..မခင်ခင်သိနေပီပဲ။
    ReplyDelete
  19. ခင်ခင်
    အရမ်းသွေးဆူနေလို့ ဖြစ်နေရတဲ့ ခံစားနေရတဲ့ စိတ်ဒုက္ခတွေက ကြီးလှပါတယ် ညီမရယ်။
    အချိန်လေးနဲနဲယူပြီး ခေါင်းအေးအေးလေးနဲ့ တစ်ပါတ်လောက် ဒီကိစ္စကို မေ့ထားဖို့အကြံပေးချင်ပါတယ် ..ပြီးတော့လဲပြီးသွားတာပါဘဲ..
    အကယ်၍ အဲဒီကိစ္စခေါင်းထဲမှာရှိနေသေးသည့်တိုင် စိတ်ထားလေးတော့တမျိုးအေးချမ်းမှုဆီကိုဦးတည်သွားမှာပါ။
    ညီမရဲ့ခံစားရမှုကို ကိုယ်ချင်းစာမိပါတယ်
    ဘယ်လောက်ကြီးမားတဲ့ စိတ်ခံစားမှုမျိုးကိုမဆို အချိန်က ပြောင်းလဲပေးသွားပါလိမ့်မယ်ဆိုတာသိနေဖို့အရေးကြီးပါတယ်။
    တချိန်မှာ ရယ်စရာ လေးတွေတောင်ဖြစ်နေဦးမယ်။
    ReplyDelete
  20. လာဖတ်သွားပါတယ်ရှင့်။ ဗုဒ္ဓ ဘာသာဝင် တယောက် ဖြစ်ပေမဲ့ ဗုဒ္ဓ စာတွေ လေ့လာမှု အားနဲလို့ ၀င်ရောက် ဆွေးနွေး မပေးနိုင်တာ စိတ်မကောင်းပါဘူးရှင်
    ReplyDelete