Saturday 29 May 2010

လိမ်တယ် ညာတယ် လူညာကြီးရယ်

ကျွန်မကတော့ အားလုံးကိုပဲ တိုင်တည်ချင်ပါတယ်။
ဟောဒီကွန်မန့်ကို ဖတ်ကြည့်ကြပါဦးရှင်။

အေးမင်း said...
ဒီမှာ မပြောချင်လို့ မနေညကတည်းက ဟိုမှာ သွားသွားဖတ်နေတာ...........ခင်ဗျားတို့လို လူတွေ ဘလော့လောကမှာ အများကြီး..............သူများတွေကို လျှောက်ပုတ်ခတ်မယ်.............ဟိုက ပြန်ပြောရင် ဘလော့တင်ပြီး နာမည်ကောင်းယူမယ် ........နာမည်ကြီးအောင် လုပ်မယ်............ဒီမှာ ခင်ဗျားလည်း စလုံးက ကျုပ်လည်း စလုံးကပဲ.......ဘယ်မှာနေလဲ ပြော လာတွေ့မယ်............သူများကို ခုတုံး မလုပ်နဲ့.........ဒါမျိုးတွေ ဘလော့လောကမှာ ရိုးနေပြီ.....ကိုယ့်ဖာသာ ကြိုးစား..........တောင်းပန်လေ ပိုဆိုးလေ ဖြစ်နေပီ ခင်းဗျားက ..........ပြော ကျုပ်လာတွေ့မယ်............
29 May 2010 08:05

စလုံးကဆိုသူ ကိုအေးမင်း ရဲ့ အိုင်ပီလိပ်စာ။
29 May 16:06:26
SeaMonkey 2.0 Win7 1280x1024
Kuala Lumpur,Malaysia Packet One Networks (m) Sdn (120.141.144.36)

ဒါကတော့ ကိုဇော်ပထမဆုံး ကွန်မန့်လာရေးတုန်းက အိုင်ပီလိပ်စာ။
29 May 14:20:49
Firefox 3.6 Win7 1280x1024
Kuala Lumpur,Malaysia Packet One Networks (m) Sdn (120.141.144.36)

အံ့သြစရာကောင်းလောက်အောင် တူတူပဲ ဖြစ်နေပါတယ်။
ကိုဇော်ဟာ အေးမင်းနာမည်သုံးပြီး တဖက်လှည့်နဲ့ ကျွန်မကို လာစွပ်စွဲပြန်ပါတယ်။
ယောက်ျားမဆန်တဲ့ လုပ်ရပ်က ပိုပိုဆိုးလာပြန်ပါတယ်။
ဘာကြောင့်များ လက်သီးပုန်းထိုးရတာပါလဲ ကိုဇော်ရေ။
အဲဒီလို ဖြစ်မှာစိုးလို့ အိုင်ပီအားလုံး ကျွန်မ မှတ်ထားခဲ့တာပါ။
ဘလော့ဂါများနဲ့ စာဖတ်သူများ လူလိမ်လူကောက် လူညာများကို သတိထားကြပါ။
++++++++
ဖြည့်စွက်ခြင်း။

ကျွန်မ စာရေးသူလဲ မဟုတ် ဘလော့ဂါလဲ မဟုတ်ပါဘူး။ စာဖတ်သူ တယောက်သာ ဖြစ်ပါတယ်။
ကိုဇော်ဆိုတဲ့ ဘလော့ဂါရဲ့ တဘက်သတ်စွပ်စွဲချက်နဲ့ အဓိပ္ပါယ်မရှိ ကွန်မန့်တွေ ဖျက်ပစ်လို့သာ ဒီဘလော့ကို ရေးရခြင်းဖြစ်ပါတယ်။ အဲဒါဟာ ကျွန်မ ဂုဏ်သိက္ခာနဲ့ အမှန်တရား အတွက်ပါ။
ကျွန်မဘလော့ကို လာရောက်သူများအား ပြောချင်တာကတော့ ကျွန်မဘလော့ဟာ သုတ၊ ရသ တခုမှ ပေးစွမ်းနိုင်တဲ့ ဘလော့ဖြစ်မှာ မဟုတ်ပါဘူး။ ကိုဇော်ကို ရည်ရွယ်ပြီးရေးမယ့် ဘလော့သာ ဖြစ်ပါတယ်။ ကိုဇော်ဟာ သူ့အမှားကို ၀န်ခံရင် ကျွန်မ ဒီစာတွေ ရေးတော့မှာ မဟုတ်ဘူး။ ဒီဘလော့ကိုလဲ ရပ်ထားလိုက်မှာပါ။

ဒီလိုတွေ ရေးနေလို့ ကျွန်မကို ဒေါသတကြီးနဲ့ ပူလောင်နေမယ် မထင်ကြပါနဲ့။ ကျွန်မ ဒေါသမကြီးဘူး၊ မပူလောင်ပါဘူး။ ဒါပေမဲ့ အမှန်တရားကို မြတ်နိုးတဲ့အတွက် သူတပါး လိမ်ညာနေတာ မဟုတ်တာလုပ်ကြံ လီဆယ်နေတာတွေ မြင်တဲ့အခါ စိတ်ထဲက ကလိကလိ ဖြစ်ပါတယ်။ အဲဒါတွေကိုလည်း ခေါင်းငုံ့မခံတတ်ပါဘူး။ ဒါကြောင့် ဒါတွေကို ရေးရခြင်းပါ။

ကျွန်မဘလော့ကို လာ၍ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင် အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ရှင်။

လေးစားလျက်
ခင်ခင်

10 comments:

  1. ခင်ဗျား ဒီလိုတော့ မလီဆယ်နဲ့...........
    ကျုပ်ကျော်ထားတယ် ဆိုတာ ဟုတ်တယ်.....
    ဒါပေမဲ့ သူနဲ့တော့ တူစရာ မရှိဘူး....
    ခင်ဗျား အကြံတော်တော်ကောင်းတာပဲ....ကျော်ပြမယ် တစ်နေ့တစ်မျိုး မရိုးစေရဘူး.........

    ReplyDelete
  2. ကျော်ပါရှင် ကျော်ပါ
    ကြော်ကြော် ချက်ချက် ကြိုက်သလိုသာလုပ်။
    ကျွန်မက အသာလေးစောင့်ကြည့်နေရုံပဲ။
    ငါးဖယ်ကပြောင်းပြန် သူခိုးကလူလူဟစ် ဆိုတဲ့စကားပုံက ရှင်တို့လို လူတွေကြောင့်ပေါ်လာတာနေမှာ။ :)

    ReplyDelete
  3. မခင်ခင်ရေ
    ကျနော်လည်းစာဖတ်သူပါပဲဗျာ။တခုတော့မခင်ခင်ကိုပြောချင်တယ်။
    အခုကျနော်တို့ဖတ်တဲ့စာတွေမှာကိုယ့်အတွက်ယူလို့ရတာတွေရှိသလိုကိုယ်ပြန်ပေးရတာတွေလည်းရှိမှာပါ။ ဒီအထဲမှာမှအမြင်မတူတာလေးတွေပါခဲ့ရင်အဲဒီဆိုက်ကို ဆက်မဖတ်ရုံပဲပေါ့ဗျာ။
    ဟုတ်တယ်မလား။ကျနော်မြန်မာကပါ။ စာတွေကိုဖတ်ချင်လွန်းလို့ကျော်ခွပြီး အချိန်ကုန်ခံပြီးဘလော့စပေါ့တွေဝင်ဖတ်ပါတယ်။ တချို့ဘလော့တွေဟာတကယ့်ကို ပညာဗဟုသုတတွေရစေပါတယ်။
    ဒီတော့ မခင်ခင်ရာ ဒီလိုတွေလုပ်နေမယ့်အစား ကိုယ့်အတွက်အကျိုးရှိတဲ့စာ သူများအကျိုးရှိစေမယ့်စာပဲ ရေးပါလား။
    အခုလိုရေးတော့ကိုယ်လည်းပူလောင်တာပေါ့ဗျာ။ မခင်ခင်ကိုကြည့်ရတာ မငြိမ်းချမ်းလိုက်တာ။ရပ်ပါတော့လို့ ပြောချင်တယ်။အမှန်တရားဆိုတာ ဘုရားသိပါတယ်။အဓိကကတော့ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပဲလေ။
    ကျော်သူပြောထားတာရှိတယ်လေဗျာ။
    ကျနော်အရမ်းသဘောကျတာဗျ။
    မခင်ခင်ကို လက်ဆောင်ပေးပါ့မယ်။

    ဟိတ်...
    ကိုယ့်လမ်း...ကိုယ်သွား
    ကိုယ့်အလုပ်...ကိုယ်လုပ်
    ကိုယ့်တာဝန်...ကိုယ်ကြေ
    ကိုယ့်သီလ...ကိုယ်လုံ
    ကိုယ့်သမိုင်း...ကိုယ်ရေး
    ဒါဘဲ
    ကျော်သူ

    ReplyDelete
  4. ကိုသံမဏိရေ
    စိတ်မကောင်းပါဘူးရှင်
    ကျွန်မ အမှန်တရားအတွက် လုပ်နေတာပါ။
    ဘလော့စလုပ်ကတည်းက ပြောခဲ့ပါတယ်။ ကျွန်မ ဒီလူရဲ့ ယောက်ျားမပီသတဲ့ လုပ်ရပ်ကို မနှစ်သက်လို့ ကျွန်မကို လိမ်ညာ စော်ကားခဲ့တာကို အများသိအောင် ရေးခဲ့ရတာပါပဲ။
    ဟုတ်ကဲ့ .. ကျွန်မပူလောင်ချင် ပူလောင်ပါလိမ့်မယ်။ ဒါပေမဲ့အမှန်တရားအတွက် အဲဒီလောက်တော့ လုပ်ခွင့်ပေးပါ။ ဒါမှ မဟုတ်ရင် လူတိုင်းဟာ ငါလုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့ အသိနဲ့ အလျှော့ပေးတဲ့ တဘက်သားတွေကို အနိုင်ယူချင်းတိုင်း ယူနေကြမှာ စိုးပါတယ်။ အမှန်တရားဟာ ဘုရားသိချင်သိမယ် အများ မသိဘူးရှင်။ အများသိအောင်တော့ လုပ်ရမှာပါပဲ။
    ကျွန်မ အမှန်တရားအတွက် ဆက်လုပ်ပါမယ်။ ကိုသံမဏိတို့ ကျော်ခွဝင်ရပြီး သုတ ရသ တခုမှ မရတဲ့ ကျွန်မ ဘလော့ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျွန်မ အတိအလင်း ပြောထားပြီးသားပါ။ ကျွန်မ စာဖတ်သူပါ စာရေးသူ မဟုတ်ဘူး။ ဒီလူရဲ့ လိမညာ ကောက်ကျစ်မှုကြောင့် အခုဒီဘလော့ကို ရေးပါတယ်။ ဒါပါပဲရှင်။

    ReplyDelete
  5. ဟုတ်ကဲ့ပါ...မခင်ခင်
    ကျနော်လည်း အမှန်တရားကို မြတ်နိုးတတ်သူတစ်ယောက်ပါ။
    ဘာလုပ်မှာလဲဗျာ။ကိုဇော်က သူရေးတဲ့စာကို သူတာဝန်ယူပါတယ်ပြောထားတာပဲလေ။ သူတာဝန်ယူပါလိမ့်မယ်။

    အခုလိုဝင်ပြောရတာကလည်း ကိုဇော်ရေးထားတဲ့ အချို့စာတွေဟာ ကျနော်တို့အတွက် တခုခုရစေတာအမှန်ပါ။
    လူဆိုတာ တခါတလေ လွဲချော်မှုတွေရှိချင်ရှိမှာပဲလေ။
    သူလည်းလူသားပဲလေ။

    ကျနော်ကတော့ ဒီလိုတွေဆက်မရေးစေချင်တော့ဘူး။
    ဒီဘလော့ဟာ သူများကိုတိုက်ခိုက်တဲ့ ဘလော့ဖြစ်သွားလိမ့်မယ်။
    စေတနာနဲ့ပါ။

    ReplyDelete
  6. အလိမ်ပေါ်သွားပြီ

    ReplyDelete
  7. သူဟာ အများအမြင်မှာသာ တာဝန်ယူပါတယ် ပြောပေမဲ့ တာဝန်မယူတဲ့ အပြင် ထပ်ထပ်ပြီး အမှားတွေ ကျူးလွန်နေပါတယ်။
    ကွန်မန့်ဖျက်တာ ရိုးရိုးမဖျက်ဘဲ တခြားဘာသာကို ကျမက ထိခိုက်ထားလို့ ဖျက်ရတဲ့ပုံ ဖမ်းတယ်။
    နောက်ပြီး ကျွန်မက မလေးရှားအခေါ်အဝေါ်စာလုံးကို ပြင်ခိုင်းတာ မဟုတ်ဘဲနဲ့ အဲဒါကို ပြင်ခိုင်းတယ်လို့ လိမ်ညာပြောတယ်။
    ပြီးတော့ ကျွန်မရေးသမျှ ကွန်မန့်တွေ မတင်ဘဲ ထားတဲ့ အပြင် စီဘောက်က ရေးတာတွေ အကုန်ဖျက်ပစ်တယ်။
    နောက်ဆုံးကတော့ အေးမင်းဆိုတဲ့ နာမည်အတုနဲ့ လာရောက် တိုက်ခိုက်တယ်။
    ကဲ ... ရှင် ... သူရေးတဲ့စာတွေ ဘယ်လောက်ကောင်းကောင်း ဒါမျိုး ကလိမ်ကကျစ် အောက်တန်းကျတဲ့ ယောက်ျားမျိုးကို ကျွန်မနည်းနည်းမှ အထင်မကြီးဘူး။ စက်ဆုပ်ရွံရှာပါတယ်။
    အမှန်တရားကို မြတ်နိုးသူ ကိုသံမဏိတို့ရော ဒါမျိုးလုပ်ရပ်ကို အားပေးပါသလား။ ဒါမျိုးလုပ်သူကို ဖေးမလိုပါသလား။
    ကျွန်မဖြစ်စေချင်တာက ...
    သူနဲ့ ကျွန်မ ဆွေးနွေးခဲ့ကြတဲ့ ထဲမှာ ကျွန်မဘက်က ဘာသာခြားတွေကို ဘာမှ မတိုက်ခိုက်ဘူးဆိုတာ သူပြန်ပြီး ဖြေရှင်းပေးစေချင်တယ်။ ဖျက်ပြီးသား ကွန်မန့်ကို ပြန်တင်မရဘူးဆိုရင်တောင် သူ့အမှား သူ့လိမ်ညာလီဆယ်တဲ့ လုပ်ရပ်ကို သူဝန်ခံစေချင်ပါတယ်။
    ကျွန်မ ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါဘူး။ ကိုယ့်ကို တိုက်ခိုက်လာရင်တော့ ငုံ့ခံ မနေဘူးရှင်။

    ReplyDelete
  8. အင်း မခင်ခင်လည်း တဇွတ်ထိုးပါလားနော်။ဒါဟာလည်း တရားတော်နဲ့မညီဘူးလေ။
    ကျနော်ဆိုလိုချင်တာကို သဘောမပေါက်ဘူးပဲ။
    စိတ်မကောင်းပါဘူး။ ဘာပဲပြောပြော ကိုဇော်ရေးခဲ့တဲ့ အချို့ပို့စ်တွေဟာ
    ကျနော်တို့ကို ပညာရစေခဲ့တာတော့အမှန်ပါပဲ။
    ပြန်ပြီဗျာ။
    ဘလော့ပေါ်မှာတိုက်ခိုက်ခြင်းကင်းဝေးပါစေ။

    ReplyDelete
  9. အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မယ့်ကိန်းပဲ။
    စိတ်လျော့ပါ ပြောချင်ပေမယ့် ကိုယ့်အမှန်တရား အတွက် ရေးနေရတာပါဆိုလို့ မပြောသာဘူး။ ပိုပြီး အဆင်ပြေပြေ ဖြစ်မယ့် နည်းလမ်းမျိုး ရှာတွေ့စေချင်ပါတယ်။

    ReplyDelete
  10. အမ သဘောကို နားလည်ပါတယ် ..
    မှန်တိုင်း လည်း နိုင်တာမဟုတ်ဘူး အမရ...
    သူ့ဟာသူမှားပါစေလေ .. အမ အချိန်တွေ အလုပ်တွေ
    စိတ် ချမ်းမြေ့မှု ကို အထိခိုက်မခံ ပါနဲ့ .. အကျိုး ရှိတာတွေ စရေးရအောင်ဗျာ ..
    ကျနော် လည်း အသစ်ပါ ..
    ဆရာ လုပ် တာ မဟုတ်ပါဘူး

    ReplyDelete